[Unicode]
Chapter 14
~၄၅~
နောက်တစ်နေ့တွင် လုကျင်းမင်က ကြောင်လေးကို တိရစ္ဆာန်ကုဆရာဝန်ဆီသို့ ခေါ်သွားသည်။ သူက ကြောင်လေး စစ်ဆေးခံပြီးမည့်အချိန်ကို စောင့်နေချိန်တွင် နာမည်တစ်ခု စဥ်းစားပြီးသွားပြီ ဖြစ်သည်။
တာ့ယွီ...
ယွီသည် ယွိမုကော၏ နာမည်ရှိ 'ယွိ' နှင့် သံတူကြောင်းကွဲစာလုံး ဖြစ်သည်။
ယွိမုကော ဘယ်သို့ ရောက်နေကြောင်း သူမသိသော်လည်း တစ်နေ့တော့ သိရှိလာပေလိမ့်မည်။
ထိုအချိန်၌ သူက တာ့ယွီ နှင့် မုကောတို့ နှစ်ယောက်လုံးဖြင့် နေထိုင်မည်ဖြစ်သည်။
"စီ...စီနီယာ?"
သူ့နောက်ဆီမှ ရင်းနှီးနေသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
လုကျင်းမင် နောက်သို့ လှည့်ကြည့်လိုက်မိချိန်တွင် သံသယမျက်နှာနှင့် ဟန်လင်းကို တွေ့လိုက်ရသည်။
"စီနီယာ...ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"
ဟန်လင်းက သူ့၏ လက်ဗလာကို မြင်လိုက်ပြီး သံသယဖြင့် မေးလိုက်၏။
"ဘာလို့မှ မဟုတ်ဘူး"
လုကျင်းမင်၏ အာဒံပန်းသီးက လှုပ်ရှားသွားသည်။ ဘာကြောင့်ရယ် မသိသော်ငြား ဟန်လင်းကို မြင်လိုက်ချိန်တွင် သူ လိပ်ပြာမသန့်သလို ခံစားလိုက်ရ၏။ ဤသည်က သူ ဟန်လင်းနှင့် အိပ်သည်ကို ယွိမုကော ဖမ်းမိသွားသည့် ပထမဆုံးအကြိမ် နှင့် တူသည်။
"အစ်ကို ဘာလို့ ဒီလောက်ထိ အေးစက်စက် နိုင်ရတာလဲ"
ဟန်လင်းက နာကျင်သည့်ဟန်ဖြင့် ပြောလာ၏။
ထိုအခိုက်တွင် ဆရာဝန်က တာ့ယွီ ကို ပွေ့ချီရင်း ထွက်လာလေသည်။
လုကျင်းမင်က ကျသင့်ငွေကို ပေးချေလိုက်ပြီး ကြောင်လေးကို ယူကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားလိုက်လေသည်။
လုကျင်းမင်၏ နောက်ကျောကို ကြည့်ရင်း ဟန်လင်း၏ နှုတ်ခမ်းက တွန့်ကွေးသွားလေ၏။ အရင်က ယွိမုကောနှင့်ဆိုလျှင် သူ ဤသည်ကို သဘောကျမိမည်ဖြစ်သော်လည်း အခုတော့ မဟုတ်ပေ။
YOU ARE READING
ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။