ကား blackbox ရဲ့ Memory Card ထည့်ထားတဲ့ Laptop ကိုကြည့်ရင်း ဘတ်ဟျွန်းလက်တွေ တုန်လှုပ်နေသည်။ 
သိပ်မသဲကွဲပေမဲ့ မောင်းသူမျက်နှာကို မြင်တော့မြင်ရ၏ ။ ဝါးတားတားဖြစ်နေတာကြောင့် အမှုကို ရှေ့ဆက်မသွားနိုင်သေး.. ။
                              ”ရက်ပိုင်းကြာရင် တရားခံရဲ့မျက်နှာကို အကြည်ရမယ်ထင်ပါတယ် 
ရတာနဲ့ ဖမ်းဆီးဖို့ ဆောင်ရွက်ပေးပါ့မယ် ဗြောင်ဘတ်ဟျွန်းရှီး ”
                              ခြောက်သွေ့နေတဲ့ လည်ချောင်းက ဘာအသံမှထွက်မလာနိုင် ။ ခေါင်းညိမ့်ပြလိုက်ပြီး ပြန်ဖို့ပဲ လုပ်လိုက်တော့သည်။ 
လှည့်ထွက်လာပြီးတော့မှ ဘတ်ဟျွန်းပြန်ရောက်လာတာမလို့ တာဝန်ကျရဲက သူ့ကို ကြည့်လာသည်။
                              ”ကျွန်တော့ကို အဲ့ copy လေးပေးလို့ရနိုင်မလား ”
                              သေဆုံးသူရဲ့ မိသားစုဝင်ဆိုတဲ့အချက်နဲ့ ဘတ်ဟျွန်းလက်ထဲ card ပြားသေးသေးလေးရောက်လာ၏ ။
                              ••• DECISION •••
                              ပြန်ရောက်လာထဲက မျက်နှာမကောင်းတဲ့ ဘတ်ဟျွန်းကို ကြည့်ရင်း ချန်းယောလ် စိတ်ပူနေရသည်။ ကျောင်းမှာများ အဆင်မပြေလာလို့လား?
သူ့ကိုတောင် မနှုတ်ဆက်နိုင်တဲ့အထိ ဘတ်ဟျွန်းပုံစံက ဝိညာဥ်လွင့်နေသလို ဖြူဖက်ဖက်ကြီး...။ 
                              အခန်းထဲပဲ တန်းဝင်သွားပြီး ပြန်ထွက်မလာတာ ပြန်ရောက်ထဲက...။ ညစာအတွက် ချန်းယောလ်စောင့်နေပေမဲ့ ဘတ်ဟျွန်းထွက်မလာဘူး.။ 
                              အိမ်ရှေ့ဆိုဖာမှာပဲ ခေါင်းအုံးပိုက်ကာနဲ့ ချန်းယောလ်ထိုင်နေသည်။ ဘတ်ဟျွန်းကို စိတ်မချလို့ အခန်းထဲလည်း မဝင်ချင်..။ နေမကောင်းရင်လည်း ဘတ်ဟျွန်းလိုအပ်တဲ့အခါ တစ်ခုခု လုပ်ပေးနိုင်ကောင်းပါရဲ့ ဆိုတဲ့ အတွေးနဲ့...။
                              ....
                              Laptop ထဲ stick ထိုးထည့်လိုက်တော့ Video စပေါ်လာသည်။ 
သိနေတဲ့လူမလို့ ဘတ်ဟျွန်းမှာ စိတ်ပျက်ခြင်းများစွာနဲ့...။ 
                              ”ဒါလေးခိုင်းတာကို သေချာမလုပ်ကြဘူး ”
                              တစ်ယောက်ယောက်ကို ဖုန်းကောက်ဆက်လိုက်ပြီး ကိုင်မှာကိုစောင့်နေသည်။ 
                              ”စခန်းမှာ မင်းရဲ့ပုံ ရသွားပြီ
လတ်တလော ရှောင်နေပေး ”
                              တိုတိုတုတ်တုတ်သာပြောပြီး ဖုန်းချပစ်လိုက်သည်။ စိတ်ရှုပ်လာတာမလို့ ခေါင်းက ဆံပင်မှန်သမျှကိုခပ်ကြမ်းကြမ်းဖွပစ်လိုက်ရင်း Laptop ပိတ်မလို့ လုပ်တော့...
ပေါ်လာတဲ့ မြင်ကွင်းကြောင့် screen ကို ပြန်ထောင်မတ်လိုက်ရင်း ဆက်ကြည့်လိုက်၏ ။
                                      
                                  
                                              
                                          