D.E.C.I.S.I.O.N :22

348 41 3
                                    

ထိုနေ့က ဘတ်ဟျွန်းရဲ့ အထက်တန်း စတက်ရတဲ့နေ့ ။ သို့ပေမဲ့ အမေ့နှစ်ပတ်လည် နေ့လည်းဖြစ်တာမလို့ ကျောင်းမသွားခဲ့ဘဲ မေမေကြိုက်တဲ့ လက်ကြိတ်ကော်ဖီဝယ်ပြီး ဦးတည်ရာမရှိ လျှောက်သွားခဲ့သည်။ ကြည်လင်နေတဲ့ကောင်ကင်ကြီးက ဘာကိုစိတ်ဆိုးသွားလဲ မသိပါဘူး ။ ချက်ချင်း အမဲရောင်တိမ်တိုက်တွေ စုဝေးလာပြီး ကောင်းကင်ကြီးက ခဏတွင်းချင်း အညိုးကြီးကြီးနဲ့ မိုးရေစက်တွေ သွန်ချဖို့ အသင့်ဖြစ်နေပြီ။

ထီးလည်းမပါတာမလို့ ဘတ်ဟျွန်းလုပ်နိုင်တာ ဆိုင်ရဲ့ တံဆက်မြိတ်လေးမှာ မတ်တပ်ရပ်နေမိတာပဲ။ အထဲလည်းပြန်မဝင်ချင်တာမလို့ အမိုးကကျလာတဲ့ ရေစက်လေးတွေကို ကြည့်ရင်းသာ ရှိနေမိသည်။

အမေ့အကြောင်းတွေ တွေးရာက အတွေးတွေ ဘယ်လောက်များသွားလဲမသိ ဘေးဘက်လှည့်ကြည့်မိရာ ဘတ်ဟျွန်း လန့်သွားမိသည်။ မျက်လုံးဝိုင်းလေးတွေက မကြောက်မရွံ့ပါဘဲ... ဘတ်ဟျွန်းကို ပြန်စိုက်ကြည့်နေတာ ။

အတူတူ မိုးခိုနေတာပဲမလို့ အကြည့်အရင် စလွှဲလိုက်ပြီး အပြင်ပဲ ကြည့်နေလိုက်တယ်။ တိတ်ဖို့ စိတ်ကူးမရှိတဲ့ မိုးက အခုထိ ဝုန်းဒိုင်းကြဲနေတုန်း။

ခဏအကြာ နီးကပ်လာသလို ခံစားရတဲ့ လူငွေ့ကြောင့် ဘတ်ဟျွန်း ပြန်ကြည့်လိုက်မိသည်။ တကယ်လည်း နီးကပ်လာတာပါ။ ထိုကလေးက ဘတ်ဟျွန်းနား မကြောက်မရွံ့တိုးကပ်လာတာလေ ။ အခုနအတိုင်း ကြည့်နေတဲ့ မျက်ဝန်းတွေကို ဒီတစ်ခါတော့ အလျော့မပေးချင်တာမလို့ ဘတ်ဟျွန်း စိုက်ကြည့်မိတော့ အနားပိုတိုးလာတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်လေးက

"သား ချမ်းလို့... ကိုကို "

ပါးဖောင်းဖောင်းလေးတွေ လှုပ်ရှားသွားတာမြင်လိုက်ရတဲ့နောက် ဘတ်ဟျွန်း အရှုံးပေးလိုက်မိပါတယ်။ ချစ်ဖို့ကောင်းတဲ့ကလေးရဲ့ ပါးတွေကို ညှစ်ပစ်လိုက်ရင်း အနားခေါ်ကာ အပေါ်ထပ်ဝတ်ထားတဲ့ ကုတ်အင်္ကျီအောက်ထဲ ထိုပေါက်စကိုပါ ထည့်ကာ အချမ်းပြေစေလိုက်သည်။ လူငွေ့နဲ့ နွေးနေတာမလို့ ချမ်းနေတဲ့ ထိုကလေးက ကိုယ်ပေါ် တက်ထိုင်မတတ် တိုးဝှေ့လာတာ ။
ဤသို့ဖြင့် ချန်းယောလ်နဲ့ ပထမဆုံး တွေ့ဆုံမှုက မိုးသည်းနေတဲ့ နေ့တစ်ရက်မှာ ဖြစ်ခဲ့ပါ၏ ။

D.E.C.I.S.I.O.N (C)Hikayelerin yaşadığı yer. Şimdi keşfedin