D.E.C.I.S.I.O.N :18

479 59 13
                                    

ပိတ်ရက်စနေဖြစ်သည်မလို့ အိမ်မှာပဲ အေးဆေးသာ ကုန်ဆုံးဖြစ်သည်။ Channal တွေ ပြောင်းလို့ ကြည့်နေတုန်း ခြေသံပြင်းပြင်းနဲ့ အိမ်ထဲ ဝင်လာတဲ့ တစ်စုံတစ်ယောက်...

ဘတ်ဟျွန်း လှည့်အကြည့်နဲ့ ထိုသူရဲ့ အကြည့်တို့ သွားစုံသည်။ ဝိုင်းစက်နေတဲ့ မျက်ဝန်းလေးက အပြစ်ကင်းတဲ့ ဆယ်​ကျော်သက်လူငယ်ကောင်လေးလို တောက်တောက်ပပလေး...။
ဘတ်ဟျွန်းကို ကြည့်လာသူက
ပကတိ ရိုးသားမှုအသွင်အပြည့်ကို အူတူတူအကြည့်နဲ့... ။

လက်ထဲမှာလည်း ဌက်ပျောသီးနွားနို့ဘူးသေးလေးကို တပြွတ်ပြွတ်စုပ်နေသေးတာ ကုန်နေပြီမလို့ အသံတောင်ထွက်လို့... ။
ဘတ်ဟျွန်းစကား နားမထောင်တဲ့
လူဆိုးကောင်လေးမှန်း ဘယ်သူက ထင်မှတ်မှာလဲလေ...

အပေါ်အင်္ကျီ Padding ကြီးကို ချွတ်ရင်း အထဲဝင်လာတဲ့ ချန်းယောလ်က ဘတ်ဟျွန်းရှိတာသိသည်နှင့် အနားရောက်လာသည်။ အိတ်ထဲက စတော်ဘယ်ရီ နွားနို့ကို ထုတ်ပေးလာသူက သောက်မလား ဆိုတဲ့ အဓိပ္ပါယ်နဲ့... ။
ဘတ်ဟျွန်းစိုက်ကြည့်နေမိတဲ့အခါ မသိမသာ ဆူထွက်လာတဲ့ အောက်နှုတ်ခမ်းနဲ့အတူ လက်ထဲက ကုန်နေတဲ့ ဌက်ပျောသီး နွားနို့ဘူးကိုပါ စားပွဲပေါ်တင်လာသည်။
စတော်ဘယ်ရီနွားနို့ကတော့ အိတ်ထဲ ပြန်ရောက်သွားပါ၏ ။

”မဟုတ်သေးပါဘူး... ဘာကို စိတ်ဆိုးနေတာလဲ ”

ဘေးမှာ တစ်ယောက်လုံးရှိနေတာကိုတောင် အဖက်မလုပ်ခံရတဲ့အခါ ချန်းယောလ် စိတ်ညစ်လာရသည်။ ဘတ်ဟျွန်းကသာ ဂရုမစိုက်ဘဲ တီဗီကြည့်နေနိုင်တာ ချန်းယောလ်မှာတော့ ဆံပင်တွေကို ဆွဲဖွလို့ ဆူပုတ်နေရော...။
ဟိုနေ့ညကပဲ အခန်းထဲထိရောက်လာပြီး ဂရုစိုက်နေတော့ ပြေလည်သွားပြီ ထင်တာကို ဒီနေ့တော့ စကားမပြောပေ။ အမှန်သည် ဘတ်ဟျွန်းဘက်က အခန်းထဲကမထွက်သလို ချန်းယောလ်သည်လည်း တစ်နေကုန် ဂိမ်းဆော့နေသည်ကြောင့် အခန်းအောင်းဖြစ်နေသည်ဆိုတာကိုတော့ ကောင်ငယ်လေးက မေ့နေပုံရ၏ ။ ညနေမှ အပြင်မုန့်ထွက်ဝယ်ပြီး တစ်အိမ်ထဲနေရက်နဲ့ အခုမှ ဆုံဖြစ်တဲ့ နှစ်ယောက်သားပင်။

”စိတ်ဆိုးတာတော့ မရှိပေမဲ့ မင်းကို သတိပေးစရာတော့ ရှိတယ် ယောလ် ”

D.E.C.I.S.I.O.N (C)Tempat cerita menjadi hidup. Temukan sekarang