D.E.C.I.S.I.O.N :10

1K 135 27
                                    

ခေါင်းတွေကိုက်ပြီး နိုးလာရသည်။ လက်ကိုဆွဲယူလိုက်ပေမဲ့ တစ်စုံတစ်ရာက တင်းတင်းကျပ်ကျပ်စုပ်ကိုင်ထားတာမလို့ စိတ်ထင်သလို ပါမလာလိုက်။
ဘေးကို ကြည့်လိုက်မှ သူ့လက်ကိုကိုင်ထားပြီး ခေါင်းလေးစောင်းကာ အိပ်ပျော်နေတဲ့ ဘတ်ဟျွန်းကို တွေ့လိုက်ရသည်။ စောင်းအိပ်နေလို့
တစ်ခြမ်းသာမြင်ရတဲ့ မျက်နှာနုနုက သူ့လက်ကိုဖိအိပ်ထား၏ ။

”ချစ်လိုက်တာ... ”

ဝန်ခံခဲ့တဲ့စကားတစ်ခွန်းကို နောင်တမရမိ။
ဖုံးကွယ်ပြီးနေနေရတာ ပိုအသက်ရှူကြပ်တယ်။
တုံ့ပြန်မှုက ဘာပဲဖြစ်ဖြစ် သူ့ရင်ခုန်သံကို ဖွင့်ပြောလိုက်ပြီ...။
ပိုင်လည်းမပိုင်ဆိုင်ရသလို အတိအလင်းမစောင့်ရှောက်နိုင်တဲ့နေရာတစ်ခုမှာ နေရတာ ထင်သလောက်မလွယ်လှ.... ။
လူအများအမြင်...မဟုတ်သေးဘူး... ဘတ်ဟျွန်းအမြင်မှာတင် သူက အစ်မယောကျ်ားကို မချစ်သင့်ဘဲ ချစ်မိတဲ့လူ..လုယူဖို့ကြံစည်နေတဲ့လူ ဆိုတဲ့အမြင်မျိုး ရှိနေမှာကိုတော့ မလိုလားသလို ကြောက်လည်းကြောက်မိသည်။
ဒါပေမဲ့လည်း...ဒါပေမဲ့လည်းလေ...
မြိုသိပ်နေရတဲ့ ချစ်ခြင်းထက် ချပြလိုက်ရတဲ့အရာကို ပိုလိုလားတဲ့အခါ ခံစားချက်တွေက ပွင့်အံကုန်တယ်။
လောဘကြီးလာတယ်။ ပိုင်ဆိုင်ချင်လာတယ် ။

သက်ပြင်းလေးလေးသာချလိုက်မိသည်။ ဘယ်လိုတောင် မသွယ်ယှက်သင့်တဲ့ ဆက်ဆံရေးကြီးလဲ ။ ဘတ်ဟျွန်းအမြင်မှာ သူက အစ်မယောကျ်ားကို စိတ်ဝင်စားနေတဲ့လူတစ်ယောက်လို့ မြင်နေတော့မှာပဲ ။ အတင်းအကြပ်ဖြစ်ပါစေ... ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားချင်သည်။ အစ်မကိုပေးထားတဲ့ နှလုံးသားက သူ့အပိုင်ဖြစ်လာရင် သိပ်ကောင်းမှာပဲ ။ နေ့ရက်တိုင်းမှာ တွေးနေတာက အစ်မအကြောင်းမဟုတ်ဘဲ သူ့အကြောင်းသာဖြစ်ခဲ့မယ်ဆိုရင်...။ လောဘတွေက တစ်ဆတစ်ဆကြီးတယ် ဘတ်ဟျွန်း... ။

အတင်းအကြပ်ပဲဖြစ်ဖြစ်...ကျွန်တော် ခင်ဗျားကို ပိုင်ဆိုင်ချင်တယ် ။

လက်ပေါ်ကပွတ်တိုက်မှုသေးသေးလေးကြောင့် သူ နိုးလာပြီဆိုတာ သိလိုက်သည်။
အကြည့်ချင်းဆုံသွားတဲ့အခိုက် ခေါင်းငုံ့ချသွားတဲ့သူ ။ အသံတိတ်သက်ပြင်းက တွဲလျက်...။

D.E.C.I.S.I.O.N (C)Donde viven las historias. Descúbrelo ahora