D.E.C.I.S.I.O.N :11

610 68 24
                                        

ချန်းယောလ်ရဲ့ အထက်တန်း ပထမနှစ်ကာလအချိန်တစ်ခုပင်ဖြစ်သည်။

ယောကျ်ားလေးသဘောဝအတိုင်း လိမ္မာတာမျိုး ထုံးစံမရှိတဲ့ ချန်းယောလ်ကလည်း ကျောင်းရဲ့ လူဆိုးလေးပင်။ အစွန်းရောက်တဲ့အထိ ဆိုးရွားတာမျိုးမဟုတ်တာတစ်ခုတော့ လိမ္မာတယ်ပြောရမယ်။ မွေးရာပါ ချစ်မွှေး ဥပဒိရုပ်လေးနဲ့ ဆိုးတာတောင်
ဆရာ ဆရာမကြား တော်တော် အချစ်ခံရတဲ့ လူငယ်ကောင်လေးအဖြစ် ကြီးပြင်းလာသည်။

”ချန်းယောလ် ဂိမ်းဆိုင်? ”

ဆရာမဝင်ခင် လွတ်လပ်နေတဲ့ အချိန်ကြားလေးမှာ အတန်းလစ်ပြီး ဂိမ်းဆိုင်သွားဖို့ခေါ်နေတဲ့ သူငယ်ချင်းအပေါင်းပါကြား ချန်းယောလ်နှစ်ခါ စဥ်းစားစရာမလိုဘဲ လွယ်အိတ်လွယ်ကာ ထွက်လာခဲ့သည်။

အတန်းဆက်တက်နေရင် စာနဲ့ဓာတ်မတည့်လွန်းတဲ့ ချန်းယောလ်မှာ ခေါင်းတွေ ပူလောင်ရလွန်းလို့ မီးတောက်တော့မယ်။

...

”ဟာ မိုးကကွာ ”

အုတ်နံရံကျော်တက်လို့ ကျောင်းပြေးကာ ဂိမ်းဆိုင်အသွား မိုးရွာတာနဲ့ ကြုံတော့တာပဲ။
ညည်းညူရင်း မနီးလွန်းမဝေးလွန်း ဂိမ်းဆိုင်ကို အသော့ပြေးကြရတော့သည်။

ထိုအခိုက်အတန့်လေးမှာတင်
မိုးရေစိုမှာ သိပ်မုန်းတဲ့ ချန်း​ယောလ်က ခြေလှမ်းတွေကို မိုးရေထဲမှာ ရပ်ခဲ့တယ်ဆိုရင် ထူးဆန်းရာကျလေမလား!

”ချန်းယောလ် လာလေကွာ ”

သူငယ်ချင်းတွေရဲ့ ခေါ်သံတွေလည်း ဂရုမစိုက်တဲ့အထိ ချန်းယောလ်ရဲ့ အာရုံက တစ်နေရာမှာသာ ။ တစ်စုံတစ်ယောက်ဆီမှာ...။

”အဲ့တစ်ယောက်က မိုးရေထဲ ဘာလုပ်နေတာလဲ ”

မိုး​ကြောင့် လူသွားလူလာ ရှင်းလင်းနေတဲ့ လမ်းမထက်
ထီးမပါဘဲ ရူးနှမ်းစွာရပ်နေတာ ထိုသူပဲရှိရမယ်။

ချန်းယောလ်ရှိနေရာရဲ့ ဆန့်ကျင်ဘက် လမ်းတစ်ဖက်ခြမ်း နည်းနည်းအဝေးနေရာမှာ ကောင်လေးတစ်ယောက်ရှိနေသည်။
လက်ထဲမှာ ထီးကောက်လေးပါတာ မနီးပေမဲ့ ချန်းယောလ်တွေ့ပါတယ်။ ဒါကို ထီးမထုတ်ဘဲ မိုးရေထဲ ဒီတိုင်းရပ်နေပြီး လမ်းလျှောက်နေခဲ့တာ...

D.E.C.I.S.I.O.N (C)Where stories live. Discover now