အနမ်း?
ဘတ်ဟျွန်းနှုတ်ခမ်းသားတစ်လျှောက်ပွတ်သပ်ကြည့်ရင်း ပြုံးနေမိသည်။
”ငါ့ကလေးငယ်ငယ်တောင် အရွယ်ရောက်လာပြီပဲ ”
တပ်မက်ပိုင်ခွင့်မရှိလို့ ငေးကြည့်လာရတဲ့ထဲ ဒီကလေးတစ်ယောက်လည်း အပါအဝင်ပါပဲ...။
......
ဘတ်ဟျွန်းအခန်းထဲက ထွက်လာတော့ အလားတူ သူ့အခန်းထဲကပါ ထွက်လာတဲ့ ချန်းယောလ်နဲ့ ဆုံသည်။
မနေ့ကကိစ္စနဲ့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်နိုင်တဲ့အထိ နေရခက်နေသည်။
ဒါပေမဲ့လည်း လူကြီးဖြစ်တဲ့ သူက စမခေါ်ရင် မဖြစ်ပေဘူးမလို့...
”ချန်းယောလ် ”
”မနေ့က ကိစ္စ တောင်းပန်ပါတယ်
ကျွန်တော် စိတ်တွေ ထူးဆန်းတာကို မထိန်းချုပ်လိုက်နိုင်ဘူး ဖြစ်သွားတယ်
လူငယ်တစ်ယောက်ရဲ့ စမ်းသပ်ချင်စိတ်ကို နားလည်ပေးမယ်မလား ”
ဘတ်ဟျွန်းခေါ်လိုက်သည်နဲ့ ချန်းယောလ်က မနေ့က ဖြစ်ရပ်အတွက် ရှင်းပြချက် ထုတ်ပေး
လာသည်။
အကြောင်းပြချက်က စိတ်ကို မထိန်းချုပ်နိုင်လို့တဲ့လား..?
ကိုယ့်နှုတ်ခမ်းက လူငယ်တစ်ယောက်ရဲ့အစမ်းသပ်ခံ ပစ္စည်းတစ်ခု ဖြစ်သွားတာအတွက်တော့ ဝမ်းနည်းမိပေမဲ့...
”ရပါတယ်
ငါက ကလေးငယ်တစ်ယောက်ကို ခွင့်မလွှတ်မဲ့လူ မဟုတ်ပါဘူး ”
အဲ့ကလေးငယ်က မင်းဖြစ်နေလို့ဆိုတာကတော့...ငါပဲ သိတဲ့ ချွင်းချက်.... ။
••• DECISION •••
”ဘယ်တော့လောက် ပြန်သွားရမှာလဲ ”
မေးရမည့်မေးခွန်း ဖြစ်သလို အဖြေကို ကျိန်းသေပေါက်သိချင်ပေမဲ့ မလိုချင်တဲ့အဖြေမျိုးဖြစ်လာမှာတော့ ဘတ်ဟျွန်း ကြောက်မိသည်။
ရှေ့ဆက်ရမဲ့ သူရဲ့နေ့ရက်တွေမှာ ဒီကောင်လေး မရှိတော့မှာကို တွေးရုံနဲ့တင် ကြောက်သည်။
နေရာဒေသတွေဝေးကွာပြီး မမြင်နိုင်တော့မဲ့ အဖြစ်မျိုး ဘတ်ဟျွန်း အမုန်းဆုံးပဲ...
ဒီကောင်လေး ပြန်ရောက်လာစေဖို့ သူ ဘယ်လိုလုပ်ရပ်ကိုတောင်လုပ်ခဲ့ရလဲ...
ပြန်တောင် မတွေးချင်တဲ့ ကိစ္စရပ်ပဲ...
