" အတွက် ရယ် ငါ့ဓာတ်ပုံကိုမကြည့်ဘူး ဒီစာရွက်ကိုပဲ မျက်လုံးမခွာဘူး ''
" နင့်ဓာတ်ပုံက ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပုံတူဖြစ်သွားတာပဲ ဒီစာရွက်လေးပေါ်က အဲ့ဒီလိုမဟုတ်ဘူး ''
အတွက်က မဂ္ဂဇင်းစာအုပ်ကြီးကို ချိုင်း ကြားထဲညှပ်ထားကာ ပန်းချီစာရွက်
ကြည့်၍ တစ်လှမ်းချင်းလျှောက်နေ၏။" ကဲ့ ငါတို့သာ မပါရင် ခလုတ်တိုက်တော့ မယ် ဒီမှာထိုင်ပြီး နေရာဦးထားလိုက် ငါတို့ဘာသာပဲ ကားသွားရွှေ့လိုက်တော့မယ် သော့ပေး ''
" ဒီမိန်းမက ဒီတိုင်းမတ်တပ်ရပ်နေမှာ ငါနေခဲ့လိုက်မယ် လေ''
" အံမယ် ငါတစ်ယောက်တည်းကားရွှေ့ ရမှာကြောက်တယ် ရှေ့ကြည့်နောက်ကြည့်တော့လိုက်လုပ်ပေးရမှာ လိုက်ခဲ့''
ယုယက အတွက် လွယ်အိတ်ဘေးဇစ်ထဲ က ကားသော့ကိုသူမ ဘာသာပဲနှိုက်ယူ ၍ နွေးနဲ့လည်းစကားပြောသေးသည်။
ပြီးတော့ အတွက် ကိုနှာခေါင်းတွန့်
ကြည့်ကာ" မယ်အတွက် နော် သိပ်လည်းရောဂါတက်မနေနဲ့ ခုခေတ်မှာ ရည်းစားထားနည်းတွေမှစုံလို့ ပန်းချီပုံတူဆွဲပေးပြီးစည်းရုံးတာတွေ ရိုးနေပြီ ''
" နင်ရိုးနေပေမယ့် ငါမှမရိုးတာ''
အတွက်လှည့်မကြည့်ဘဲ ရန်ပြန်တွေ့ သည်။ကုစရာဆေးမရှိတော့ဘူးဆိုတဲ့ အကြည့်နဲ့ ယုယ ကပခုံးတွန့်၏။ မဂ္ဂဇင်း ထွက်လာတာနှင့်သူတို့ကဖုန်းတွေဆက် ကြ ချိန်းကြနဲ့
အကြောင်းအမျိုးမျိုးကြောင့်ချက်ချင်း မတွေ့ဖြစ်ကြပေမယ့် ဘယ်လောက်လှကြောင်း ဘယ်လိုအသံတွေထွက်လာတဲ့ အကြောင်း သတင်းတွေပို့ရင်း အတွက်ရဲ့ ဖေဖေဘာပြောသေးလည်းဆိုတာပါစိုးရိမ်နေကြရသည်။
သူကတော့ ပုံတူပန်းချီတစ်ချပ်ရထားပြီး လောကကြီးကိုနေ့နေ၏။
' သူနင့်ကိုလာတွေ့သေးလား ' ဆိုတော့ 'ဟင့်အင်း' တဲ့
ခြံချင်းကပ်နေကာစကားတွေလည်းလာ ပြောဖူးသည်။ ဒါတွေပို့နေတာလည်းတက်တိုက်
" ဒါကတော့ သူ့ကိုငါကအတွဲနဲ့တွေ့ထား တော့ ချက်ချင်းကြီးရောရမှာအားနာနေ မှာပေါ့'' လို့ဖြေတွေးနေသေးသည်။ '' နင် ကရော သူလာရောတာနဲ့မျောသွားမှာလား' မေးတော့ ' လာမှမလာသေးတာ မသိသေးဘူး ' တဲ့
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ