Part 16 ( U +Z)

1.4K 99 1
                                    

ပိုး လုပ်လိုက်တဲ့ အစီအစဥ် က တော်တော် အဆင်ပြေမှန်းကြာလာလေ သိလေလေ အတွက်နဲ့မကြာမကြာတွေ့ရသည့်အကြိမ်ရေ တွေတိုးတက်လာသလို ရင်းနှီးမှုတွေပိုလာခဲ့ ၏။ ထို့ပြင် ပိုး နှင့်ဒေါ်ခင်ခင်တို့ထံမှ ဖော်ရွေ သောအပြုံးတွေရလာခဲ့ခြင်းဟာ လင်းလက် နဲ့သာပတ်သက်သည်လို့ တွက်မိသည့် အတွက် က လင်းလက် အပေါ်မှာပို၍ လှိုက်လှဲနွေးထွေး ခဲ့၏။

" ကိုယ်ပြောသားပဲ မမ ကမေမေ့ကိုစိတ်ပူနေလို့ပါ ဒီလောက်မဆိုးပါဘူးလို့ ''

" ဘာပဲဖြစ်ဖြစ် အန်တီ့ခြေထောက် ဒဏ်ရာ လည်းစိတ်ချရပြီဆိုတော့ အတွက် ဝန်ထုပ် ဝန်ပိုးကြီး ပေါ့သွားသလိူပဲ လူမမာစာပေးတာ တောင် မမပိုးက လက်မခံတော့ အစကဆို အရမ်းကိုလန့်သွားတာ ''

ပလက်ဖောင်းပေါ်မှာ လမ်းအတူတူလျှောက်ခဲ့ရင်း လေတိုက်သွားတော့ အတွက်ရဲ့နဖူးဆံစ လေးတွေလှလှပပလေးလွင့်မျောနေ၏​။စကား
ပြောမပျက်ပဲ အတွက် ဆံစတွေကိုလက်တစ်ဖက် နဲ့သိမ်းတင်လိုက်ကာ.....

" ဒါပေမယ့်ဒ​င်နာစားဖို့ကို အတွက် ကငြင်းခဲ့ တော့တစ်မျိုးများထင်မလားဟင် ''

" ကိုယ်ပြောပြလိုက်ပါ့မယ် ''

" ဟွန်း....ကျေးဇူးပဲနော် ''

အတွက် ရဲ့မျက်နှာလေး ငုံ့လျှောက်ရင်းနားကွင်းလေးတွေလှုတ်ခတ်နေတာကို
လင်းလက် ကငဲ့ကြည့်ရင်းငေး၏။ ချစ်သူတွေ ထားခဲ့ဖူးသမျှ အတွက် ဆိုသည့်မိန်းကလေး လောက်ဆွဲဆောင်မှုအပြည့်နဲ့လှတာမျိုးသူ မတွေ့ဖူးပေ။

ခြေလှမ်းတာလေးက ခါးမတ်မတ်လေးနဲ့နွဲ့ သည်။စကားပြောရင်းရယ်တာဆံပင်သပ်တင် ပြီးပြန်ငုံ့သွားတာ သူမ အမူအရာလေးတွေအားလုံးက ကြည့်မိရင် မျက်ဝန်းမလွှဲချင်

" အတွက် က သိပ်လှတာပဲနော် ''

" ဟော....လုပ်ပြန်ပြီ ဒါပဲပြောတတ်တာလား''

"ဒါပဲပြောချင်အောင်လှနေလို့ပါ ကိုယ့်ကိုအဖြေ မပေးတော့ဘူးလား အတွက် ရယ် ''

" အဖြေတောင်းတာကလည်း လမ်းပေါ်ကြီးမှာ လား ''

" ဘယ်နေရာဖြစ်ဖြစ် ဒါကိုပဲလိုချင်ခဲ့တာပါ
ဒါပေမယ့် မင်းမျက်နှာလေးကိုကြည့်ပြီး မပြောရဲခဲ့တာလေ စိတ်ဆိုးသွားနိုင်လားလို့''

ငါဟာမင်းအတွက်Where stories live. Discover now