Part14( U+Z )

1.3K 100 2
                                    

" တွေ့လား ဘာမှကြီးကြီးကျယ်ကျယ် ဖြစ်သွားတာမဟုတ်ဘဲနဲ့ မမတို့ကသူများ စိတ်ဆင်းရဲအောင်သက်သက်... ''

ထွက်လာသည့်ဆေးစစ်ချက်အဖြေတွေကို ဖတ်ပြီးတော့ လင်းလက်ကရှုံ့မဲ့ကဲ့ရဲ့သည်။ပိုးက ဒေါ်ခင်ခင် ရှေ့ကနေ လင်းလက် လက်ကိုဆွဲ၍အပြင်ထွက်လာ ကာ.....

" သူများစိတ်ဆင်းရဲအောင် သက်သက်လုပ်လိုက်တာ နင်စိတ်ချမ်းသာအောင်ဆိုရင်ရော ''

" ဘာလည်း အဲ့ဒါက ''

အခန်းထဲက ထွက်ခါနီးမှ လရိပ်နောက် ပြန်ဆုတ်နေလိုက်၏။ ကိုယ့်အခန်းရှေ့ မှာပြောနေကြတာမို့အပြင်ထွက်ဖို့တံခါး ကိုကိုင်လိုက်သည့်လက်ပါပြန်ရုတ်လိုက် မိသည်။ သူတို့ဘာအကြောင်းပြောနေကြ မှန်းမသိပေမယ့် ကိုယ်ထွက်လိုက်တာနဲ့ စကားအရှိန်ပျက်မည်။

အခန့်မသင့်လျှင် ရန်လိုစကားတစ်ခုခု လည်းပြောလာနိုင်သေးသည်။ ထို့
ကြောင့်စားပွဲမှာသွားပြန်ထိုင်နေဖို့အထဲကိုပြန်လှည့်လိုက်လျှင် ......

" အဲ့ဒီ မင်းအတွက်ဆိုတဲ့ ကောင်မလေး အကြောင်း ငါတို့စုံစမ်းပြီးပြီ ''

" ဘာကိစ္စ မမ တို့ကစုံစမ်းတာလည်း ''

" မင်းသူ့ကိုကြိုက်နေတယ်မို့လား အဲဲ့ဒီနေ့ တည်းကမေမေနဲ့ ငါသိတယ် ''

" ဪသိလို့ခြိမ်းလားခြောက်လားပြော လိုက်ကြတာပေါ့ ပြီးတော့အိမ်နီးချင်း မမတို့မို့လို့ပဲ မျက်နှာမပူတယ် ''

" မျက်နှာပူလိုက်ရင် ချက်ချင်းငြိမ်းချမ်း ရေးစာချုပ်ချုပ်သွားမှာ ပေါ့အဲ့ဒီလိုဆို မင်းကောင်မလေးဒီအိမ်ထဲထိ နောက်နောက်ထပ်ရောက်လာစရာအကြောင်း ရှိဦးမလား ''

လင်းလက် အသံမကြားရတော့ပေ ။ ထို့အတူ လရိပ် နေရာမှာပဲ ရပ်နေမိတာ ပြောသမျှကိုဆက်လက်နားထောင်နေခဲ့ မိ၏။အတွက် ဒီထဲကို ဘယ်လိုပါဝင်ပတ်သက်ခဲ့လို့ မမပိုး ဘာကိုပြောနေတာလဲ.........

" မင်းကြိုက်နေမှန်းသိလို့ သူဘယ်လိုမိန်းကလေးလဲဆိုတာ အရင်စုံစမ်းရတာ ''

" သိတာမြန်လှ​ချေလား ''

" မေမေ့မှာစပိုင်တွေရှိတယ်လေ နင်မသိဘူးလား ''

ငါဟာမင်းအတွက်Where stories live. Discover now