အားလုံးကိုယ်ပဲမှားခဲ့တာပါ။
တိုက်ကြီးရဲ့ခေါင်းရင်းဘေးမှာဆက်တီ အဟောင်းတွေကိုပြုပြင်တိုက်ချွတ်ရင်း မျက်လုံးထဲမှာသူမရဲ့ဒေါသမျက်နှာလေး ကိုမြင်နေမိသည်။ပြောခဲ့သမျှကြားနေခဲ့ ၏။ခါးသီးသောစကားသံတွေနဲ့ သူမရဲ့ မျက်နှာလှလှလေးကမလိုက်ဖက်ပါ။ တကယ်ဆိုဒီလောက်လှတဲ့မျက်နှာလေး မှာ ဒေါသတွေနဲ့ အဆင်ဆိုးမသွားသင့်ပေဒါတွေဟာ ကာလံ ဒေသံနားမလည်တဲ့ မင်းကြောင့်ပဲ လရိပ် မင်းရေးတဲ့ကဗျာတွေကို သူဖတ်ပေးတယ် မင်းပေးခဲ့တဲ့ ပုံတူပန်းချီကိုသူနှစ်သက်နေခဲ့တယ် ။
သူပြုံးနေတဲ့မျက်နှာလေးကိုကွယ်ရာကနေကြည့်ပြီးမင်းကျေနပ်လိုက်ပါလား။ သူမနဲ့ရင်းနှီးချင်စိတ်တွေနဲ့သူကြိုးစား ခဲ့မိသည်။ ချစ်ခင်မြတ်နိုးခြင်းတွေ မတန်မရာရေးနေပြီး တကယ်ဆိုမင်းတော်ရာ မှာနေသင့်တာ ကိုယ့်ကိုကိုယ် အပြစ်တင် လို့မဆုံးနိုင်နောက်ထပ်ကဗျာတွေပေးရင် သူမဖတ်ချင်ပါဦးမလားဆိုသည့် အတွေး က ရင်ထဲမှာပူလောင်ပြင်းပြနေသည်။
" အ! ......''
ဝက်အူလှည့်ကချော်ထွက်ကာလက်ဖဝါး စောင်းကိုထိုးခွဲသွား၏။သွေးတွေချက်ချင်းဖြာကျလာသည်။
" ကျွတ်..... ကျွတ်.. ''
ဒဏ်ရာကိုကြည့်နေတုန်း ခြေသံကြား လိုက်သဖြင့်လက်ကိုအဝတ်စုတ်နဲ့ကောက်ပတ်ထားလိုက်၏။
" လရိပ် ဒါလေးကိုမပြီးနိုင်ဘူးလားနင် ''
" ပြီးတော့မယ် မမပိုး..''
" အေး ပြီးရင်အိမ်ပေါ်တက်ခဲ့ အလုပ်တွေ ရှိသေးတယ် ဒီနေ့အလုပ်သမားတွေက ဟိုလူနားဒီလူနားနဲ့ အလုပ်ကထောင့်မစေ့ ဘူး သူ့မှာခြံထဲတစ်ခုခုခိုင်းမိရင်မပြီး တော့ဘူး ''
ပိုးပြန်လှည့်သွားတော့လေပြည်တစ်ချက် ဝေ့သွား၏။ ဘေးမှာဖြန့်လှန်းထားသည့်လယ်သာစ ဖျတ်ခနဲ့လွင့်တက်ကာမလှမ်းမကမ်းခေါက်ကျသွားသည်။ သူကမန်း ကတန်းထကောက်လိုက်ရင်းကဗျာ စာရွက်လေးကိုမြင်ယောင်သွား၏။ သူထားခဲ့တာလေနဲ့များလွင့်ပါသွားမလား
အတွက် ဒီကဗျာတွေကို စိတ်မဝင်စားတော့ဘူးလား ဝင်စားသေးသလားဆို တာ ဒီစာရွက်လေး အတွက် လက်ထဲရောက်သွားမှ သူသိရမှာဖြစ်သည်။ထို့ကြောင့် ကိုယ်ထားခဲ့တဲ့နေရာဆီပြေးထွက် ခဲ့မိ၏။ ခြံနှစ်ခြံကိုခတ်ထားသည့် တံတိုင်းကအုတ်တံတိုင်းလည်းမဟုတ် သံဆန်ခါလည်းမဟုတ်ပါ။
YOU ARE READING
ငါဟာမင်းအတွက်
Short Storyကျနော်အရမ်းကြိုက်တဲ့ normal fic ကို gl versionပြောင်းရေးထားတာပါပထမရေးတာဖစ်လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ