Part 19 ( U+Z )

1.4K 108 1
                                    

" ကြွပါရှင်..... ကြွပါ ၊ အဟွန်း ခုမှပြောဆိုဖြစ်ကြပေမယ့် တကယ်ရင်းနှီးသင့်နေတာကြာပြီ''

" ဟုတ်ကဲ့.... ''

ဒေါ်ခင်ခင် လို့သူ့ကိုယ်သူမိတ်ဆက်လာသည့် အမျိုးသမီးကို ဒေါ်ခင်ပြုံး က ပြုံးပြရင်းနှုတ်ဆက်သည်။ အိမ်ထဲမှာ နာမည်ကျော် မင်းသမီးနှင့်  ရွှေဆိုင်ကြေငြာရိုက်ထားသည့် ပိုစတာတွေကို တခမ်းတနားချိတ်ထားသည်။
အိမ်ရှင်တွေကိုယ်မှာလည်း ဝတ်ဆင်ထားတာတွေ ညွှတ်ကျမတတ်ပါ။ ဒေါ်ခင်ခင်ကလည်း ဒေါ်ခင်ပြုံးကိုပြန်ကြည့်ပြီးအကဲခတ်နေတာပဲဖြစ်၏။

တော်တော်ချမ်းသာသည်လို့ကြားပေမယ့် ကိုယ်ပေါ်မှာလက်ဝတ်လက်စားဘာမှလည်း မမြင် နားမှာပုလ၊နားကပ်တစ်ရံနှင့် စိန်လော့ကက်သေးသေးလေးပါသည့်ဆွဲကြိုးတစ်ကုံး ဒါပဲဝတ်ထား၏။အပြန်အလှန်အကဲခတ်ကြရင်း ထမင်း စားခန်းထဲရောက်လာတဲ့အထိ ပြောတာတွေကတခြား မျက်လုံးတွေကြည့်တာက တစ်နေရာ။

" လာ ညီမလေးဒီမှာထိုင် ''

ပိုးက ပျာပျာသလဲဖြစ်နေကာ လူကြီးတွေ ဘာမှပြောစရာမလိုအောင် ဧည့်ဝတ်ကျေ၏။

" ဖေဖေနဲ့ ညီမလေးခုပဲ ပြန်လာတော့မှာ ထမင်းမစားခင် အချိုပွဲလေးနဲ့ခဏစကားပြောတာပေါ့နော် ''

ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးမိတ်ဆက်ကြကာ
ဒေါ်ခင်ခင်ကလည်းသူမကိုယ်တိုင် ကော်ဖီ
ထည့်ပေး၏။

" အိမ်နီးချင်းတွေဆိုတော့ခင်ခင်မင်မင် ရှိထားရမှာလေ ဟိုတစ်လောလေးက သမီးရဲ့ကားနဲ့ နည်းနည်းပွတ်မိသွားတော့ တခြားမိန်းကလေး မှတ်ပြီးတအားပြောပစ်လိုက်ဖို့သိလားနောက်ကိုကားမောင်းမကြမ်းရဲအောင်ကောင်းကောင်း ပညာပေးဖို့ထိ တစ်ဆုံးတွေးပစ်လိုက်တာ နောက်တော့မှ ကိုယ့်ရဲ့အိမ်နီးချင်းမှန်းသိတယ် နောက်ပြီး သမီးငယ်ရဲ့ သူငယ်ချင်းမှန်းလည်း အဲ့ကျမှသိရတာလေ ''

" ဟုတ်ကဲ့ သမီးက အာလုံးပြောပြပါတယ် အစအစအရာရာ ကျေနပ်ခွင့်လွှတ်ပေးတဲ့အတွက်လည်းသမီးကိုယ်စားအရမ်းကိုကျေးဇူးတင်မိ ပါတယ်ရှင်၊ သမီးကစိုးရိမ်ကြိီးပြီး ကိစ္စတွေပြီး မှ ပြောပြလို့ပါ မဟုတ်ရက် ကျွန်မ စောစောတည်းက ရောက်လာခဲ့မှာပါ''

ငါဟာမင်းအတွက်Where stories live. Discover now