Part 12 ( U+Z )

1.4K 108 1
                                    

" ဒီလောက်ထိအန်တီသတိပေးထားနေတာ​ တောင်သမီးရယ် ''

​ဒေါ်ခင်ပြုံးမျက်မှန်ကိုပဝါစလေးနှင့် ပွတ်သပ်သုတ်ရင်းဟိုလျှောက်ဒီလျှောက်ဖြစ်နေ၏။မွေ့ရာပေါ်မှာရင်ခွင်ထဲဖက်လုံး
ထည့်ပြီးဖုန်းနဲ့ဂိမ်းဆော့နေတာ အတွက် တို့ကအေးဆေး

" မဂ္ဂဇင်းထဲမှာပါတုန်းကလည်းပြသနာ ဖြစ်ပြီးပြီအခုတစ်ခါဂျာနယ်မျက်နှာဖုံး မှာပြူးပြူးပြဲပြဲ ''

" ဟာ အန်တီကလည်းဒီလောက်လှတဲ့ဟာကို ''

" အတွက် ''

"ရှန် ''

" သမီးအန်တီ့ကိုရွဲ့နေတာလား ''

" ဘာလို့ရွဲ့ရမှာလည်းအန်တီကလည်း အန်တီကောင်းလို့အတွက်ဒီမှာနေရတဲ့ဟာ ''

" အခုအန်တီကမကောင်းဘူးဆိုပြီး သမီးဖေဖေကဆူပြီ ''

" ဖေဖေက ဒီတိုင်းပဲဟာ ''

ဖအေကိုကြောက်တော့ကြောက်သည်။ ဒါပေမယ့်တခြားရောက်ပြီဆို အတွက် ကနည်းနည်းမှနောက်ဆံမတင်းတတ်ပေ ဖအေကအလိုလိုက်ပေမယ့်စည်းကမ်းနဲ့ပတ်သက်လျှင်ဒီလေယက်ထိကျိုးပေါက်မခံတာလည်းသူမဘယ်တော့မှကြောက်လန့်နေတာမရှိဘဲ လုပ်ချင်ရာလုပ်ပြီးမှ အန်တီလုပ်ပါဦး ။

" အဲ့ဒါတွေဖေဖေဘာတွေပြောပြော
အန်တီကြည့်ရှင်းလိုက်နော်အန်တီက အတွက်ကိုချစ်ရဲ့သားနဲ့ ''

ဆော့နေရင်းပြုံးစိစိ လှမ်းပြောနေတာခေါင်းကိုပဲနာနာထုပစ်ခချင်တော့သည်။

" တကယ်တော့မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါသွားတည်းက အတွက်နဲ့ကြေညာရိုက်ချင်လို့လုပ်ငန်းရှင်က..... ''

" ဘာ...ဘာပြောတယ် အမလေး မလုပ်လိုက်ပါနဲ့ အတွက်ရယ် ''

" မလုပ်ပါဘူးအဲ့လေယက်ထိတော့ ''

တော်ပါသေးရဲ့ ။ဒေါ်ခင်ပြုံးမျက်နှာလေး
ပျက်နေရှာကာ

"ညတုန်းကဖုန်းလာတယ် ''

" ဖေဖေထပ်ဆက်တာလား ''

" အစ်ကိုကခေါ်ရုံပဲခေါ်ပြီး ပြန်ချသွားမလား အတွက် ရယ် ''

" ဟင် ''

ဘာဆိုတာကိုအတွက်ချက်ချင်းသိလိုက်၏။ ဖုန်းနံပါတ်တောင်းလွန်းလို့ လင်းလက်ကိုသူမဖုန်းနံပါတ်မပေးချင် တာနဲ့

ငါဟာမင်းအတွက်Where stories live. Discover now