Part 21 ( U+Z )

1.5K 110 1
                                    

" ဟော.. ကားပျက်နေတာလား မခင်ခင်''

ဘေးမှာလာရပ်သည့်ကားက ဖိတ်ဖိတ်လက်နေသည်။ ရုတ်တရက်မို့ ဘယ်သူမှန်းမသိပဲ မှန်ကျသွားသည့်နောက်က မျက်နှာပေါ်လာမှ...

" ဪ မပြုံးပါလား ဟုတ်ပါတယ် မပြုံးရယ် ဒီကားခုတစ်လောဘာဖြစ်နေမှန်းကိုမသိဘူး ''

" အဲ့ဒါကြောင့်မေမေ့ကိုပြောတာပေါ့ ကားလဲလိုက် ပါဆိုတာ ဟိုမှာအန်တီတို့ရဲ့ကားကို ကြည့်ပါဦး အရမ်းလှတာပဲ''

ဘောနက်ဖုံး ကို ပြန်ပိတ်၍ ပိုးကဒီဘက်လျှောက်လာသည်။ ဒေါ်ခင်ပြုံး ကိုရောဒရိုင်ဘာကိုပါငုံ့ကြည့်ကာ...

" အန်တီတို့တူဝရီးမှတ်နေတာ ဒရိုင်ဘာလား''

" အင်း.... သမီးရယ် ဒရိုင်ဘာလည်းဟုတ်၊ မာလီလည်းဟုတ်၊ ခြံထဲမှာ ယောင်္ကျားသားဆိုရင် သူ့ကိုပဲ ယုံကြည်ရတာလေ ''

ယောင်္ကျားတစ်ယောက်ကိုယုံကြည်တယ်ဆိုတော့ မယုံချင်သည့် မျက်နှာမှာ ပိုးရဲ့မျက်ဝန်း က သက်သေပြုနေလေ၏။ထို့ကြောင့်ကားပြင်ဖို့ ဝပ်ခ်ရှော့ကိုဖုန်းဆက်၍ ကိုယ့်ဒရိုင်ဘာကို ပဲစောင့်နေခိုင်းခဲ့ပြီး သားအမိနှစ်ယောက်ကိုကားပေါ်တင်လာခဲ့သည်။

" အန်တီးမောင်းနေတာ စီးရတာအားနာလိုက်တာ ''

" ရပါတယ်ကွယ်......စီးရတဲ့ကားပဲဟာ အားနာဖို့မလိုပါဘူး အန်တီတို့က အပြင်လည်းထွက်ခဲတယ်လေ နှစ်ယောက်စလုံးကမောင်းတတ်နေတော့ ဒရိုင်ဘာတောင်မလိုပါဘူး၊ ဒါပေမယ့် သမီးရဲ့အဖေက အရမ်းစိတ်ပူတတ်တာ  ဟိုဒရိုင်ဘာကောင်လေးကသူ့ရဲ့တပည့်ရင်းပဲလေ အင်ဂျင်နီယာဘွဲ့ရပြီးသား ဒါပေမယ့်အန်တီတို့အိမ်မှာတော့ သူ့ခမျာ ဒရိုင်ဘာမာလီလုပ်နေရတယ် ၊ ခြံစောင့်လည်းသူပဲ ''

" ဟုတ်လား အဲ့ဒါကြောင့်ဒရိုင်ဘာက သန့်လှချည်လားလို့ထင်နေတာ ''

" အန်တီတို့ကလည်း သမီးပျော်သလောက်ပဲနေမှာဆိုတော့လေ သူ့အဖေက စိတ်ချရတဲ့တပည့် တစ်ယောက်ကိုအဆင်ပြေသလိုထည့် ပေးထားတာမျိုးပေါ့ ''

" ဒါဆို မမပြုံးတို့က ပြောင်းကြဦးမှာပေါ့ ၊ အဲ့ဒီခြံကိုငှားထားတာလား ကျွန်မတို့ကဝယ်ထားတယ်ထင်တာ ''

ငါဟာမင်းအတွက်Where stories live. Discover now