(အပိုင်း၂) Unicode

737 47 7
                                    

"Never Stop"

(အပိုင်း ၂)

Unicode

"အား...............မားရေ....."
ရှောင်ကျန့်တစ်ယောက် ချောက်ထဲကိုကျတာ ခုထိအောက်မရောက်သေး ။

"အား......."
"ဘုတ်" အော်လို့မဆုံးသေး မြေပြင်နှင့် ရှောင်ကျန့်မျက်နှာ
မိတ်ဆက်သွားလေသည်
"ချွမ်.....ဘုန်း.....ချွမ်.....ဘုန်း....." တစ်နေရာမှ စည်လိုလို ဗုံလိုလို တီးသံများကို ကြားနေရသည်
ရှောင်ကျန့် မျက်လုံးများကို ဖြေးဖြေးချင်းအားယူ၍ဖွင့်လိုက်ရာ
မျက်လုံးများ ဝေဝါးလျက်ရှိနေပြီး ကိုင်ရိုက်ထားသကဲ့သို့ ခြေလက်များနာနေလေသည်

ရှောင်ကျန့် အတွေးထဲ၌
"ငါသေသွားတာများလား...မဖြစ်ဘူး..
မနက်ဖြန်ရုံးပိတ်ရက်မှာ ငါ hotpot သွားစားဖို့ကြံထားတာလေ "
အမှန်ပင် ရှောင်ကျန့်သည် အစားမက်သောအစားသရဲလေးတစ်ကောင်ပင် ။
"စပ်စုချင်ဦး ရှောင်ကျန့်ရေ ခုတော့သေလားမသိ ရှင်လားမသိ"
ရှောင်ကျန့်ကိုယ့်ကိုယ်ကိုအခဲမကြေပြော၍ ကုန်းထလိုက်စဥ်
"အား...ကျွတ်..ကျွတ်... ချီးလိုမှပဲ နာလိုက်တာ"
အဆဲသန်သောအမောင်ရှောင်ကျန့်ပါလေ:

ရှောင်ကျန့် တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်မိသောအခါ
မည်းမှောင်နေသော ကောင်းကင်၊ ဘေးပတ်လည်တွင်အုံ့မှိုင်းနေသောသစ်တောများ ၊ နောက်..ရေစီးသံတစ်သွင်သွင်၊ လေပြင်းတိုက်နေသောရာသီဥတုအခြေအနေ...

"ဘာလဲ...ငါလေး တကယ်သေသွားပြီး နတ်ပြည်မရောက်ပဲ ငရဲပြည်ရောက်လာတာတော့မဟုတ်ဘူးမလား" သူယောင်လည်လည်ဖြစ်နေစဥ်မှာပဲ
"ရွတ်.....ရွတ်....."
မြည်သံကို ကြားလိုက်ရသည်
"ဘာအသံလဲ..ဟေ့...ဘယ်သူရှိလဲ..ထွက်ခဲ့စမ်း.."
မကြောက်သည့်လေသံဖြင့် အော်ခေါ်လိုက်နေသောရှောင်းရှောင်ကျန့်
"ရွပ်....ဒိန်း...."
သူ့နားရွက်ဘေးမှ ဖြတ်သွားသော ဓားမြှောင်တစ်ခု
သည် ရှောင်ကျန့်နောက်ကသစ်ပင်သို့ သွားစိုက်လေသည်
"အား......................."
ငယ်သံပါအောင်ရှောင်ကျန့်အော်ဟစ်လိုက်လေသည်
ထိုဓားမြှောင်ကို ပစ်သောသူမှာ ထိုအသံကြောင့် မျက်ခုံးနှစ်ခုကိုထိလုမတတ်တွန့်ချိုးလျက်......

"ဘယ်သူလဲ.....သေချင်လို့ဓားနဲ့ပစ်တာလားကွ"
မှန်သည် ရှောင်ကျန့်တစ်ယောက်ဒေါသထွက်၍တစ်ဆက်ဆက်တောင်တုန်နေလေသည်
ကြောက်လည်းကြောက် စိတ်လည်းတို၍ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေစဥ်မှာပဲ

Never StopWhere stories live. Discover now