(အပိုင်း ၁၀) Unicode

383 25 5
                                    

"Never Stop"

(အပိုင်း ၁၀)

Unicode

ချင်းမေသည် အရှင့်အား အခွင့်အရေးပေးခဲ့သော်လည်း အရှင်က သူ့ကိုငြင်းခဲ့သည်မလား။ သူ၏ နောက်ဆုံးလက်နက်ကိုထုတ်သုံးရပြီလေ ။ အရှင်၏ဖြစ်တည်မှုကိုမသိစေလိုသော်လည်း ထိုကောင်လေးမရှိမှသာ သူမ အရှင့်ကိုပိုင်ဆိုင်နိုင်မည်မလား။ ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် ဝမ်တိုင်းပြည်၏ မင်းကြီးထံသို့ ထွက်လာခဲ့သည်။

"သတင်းပေးစရာရှိလို့ပါ မင်းကြီး"
"ဘာသတင်းလဲ"
"မင်းကြီးရှာနေတဲ့လူဘယ်မှာရှိမှန်း ချင်းမေသိပါတယ် "
"အဟက် မင်းက ငါ့ကို လာနောက်နေတာလား မင်းလိမ်ပြောတာလဲဖြစ်နိုင်တာပဲ ရှေးဖြစ်ဟောကိန်းကို တစ်တိုင်းပြည်လုံးသိနေတာပဲ မင်းက ဘာသက်သေရှိလို့လဲ"
"သက်သေရှိပါတယ် မင်းကြီး"
"ဇာတ်လမ်းဆင်ပြီးပြောဦးမို့လား"
"ဒါဆို ဇာတ်လမ်းမဟုတ်တဲ့တကယ့်အဖြစ်ပျက်လေးကော နားထောင်မလား"
"............."
"အိမ်ရှေ့စံဝမ်ကို သတ်ရောသတ်ဖြစ်ခဲ့ရဲ့လား"
"ဘာ....ဒီကိစ္စကို မင်းကဘယ်လိုလုပ်"
"အိမ်ရှေ့စံ အသက်မသေပါဘူး ဒါမှမဟုတ် နန်းတင်ပွဲအပြီးညလုပ်ကြံခံရတာဆိုတော့ အရှင် လို့ သုံးနှုန်းရမလား မင်းကြီး"
"မင်း...." ဝမ်မင်ဟုန်လက်၍ကိုင်ထားသော ခွက်လေးသည် ကြမ်းပြင်ပေါ်၌ တစ်ပိုင်းတစ်စစီနေရာယူလေပြီ။

"ချင်းမေ ပြောတာမဟုတ်လို့လား မင်းကြီး နန်းတတ်ပွဲအပြီးညမှာပဲလုပ်ကြံခံလိုက်ရတော့ အိမ်ရှေ့စံလို့မခေါ်ပဲ အရှင်လို့ပြောင်းခေါ်ရမှာပေါ့"
"မင်း ဘယ်သူလဲ ဒီအကြောင်းတွေကိုဘယ်လိုလုပ်ပြီးသိနေတာလဲ"
"မလောပါနဲ့ မင်းကြီး၊ ရှင်းမေကပြောပြမှာပါ"
"........."
"ရှင်မေက သာမန်အိမ်တော်က လူပါပဲ ဘာထူးထူးခြားခြားမှမဟုတ်ပါဘူး ထူးခြားတာကတော့ နေတဲ့နေရာက အရှင့်ဘေးမှာဖြစ်နေတာလေးပါပဲ"
"ဘာ......"
"ရှင်းရှင်းပြောရရင် လုပ်ကြံခံရတုန်းကလွတ်လာပြီး ချင်မေတို့မိသားစုကကယ်ပေးထားတာပါ ချင်းမေက အရှင့်ရဲ့လူယုံဆိုလည်းမမှားပါဘူး အရှင်က အငုန်လုံးကိုပြောပြထားပါတယ် "

အမှန်ပင်က သူမကိုဘာမှပြောပြထားခြင်းမရှိ။ ဦးလေးကျိုးနှင့်ပြောဆိုခဲ့သည်ကိုပဲတစ်စွန်းတစ်စကြားခဲ့သည်သာ နောက်ပိုင်းလုပ်ကြံခံရသည့် အိမ်ရှေ့စံဟုပဲသိကာ အာဏာပြန်ရဖို့ စီစဥ်နေတဲ့တပ်စုကြီး၌ခေါင်းဆောင်နေသည့်အရှင်။

Never StopWhere stories live. Discover now