"Never Stop"
(အပိုင်း ၃)
Zawgyi
"အရှင်...... "
"ပြော..."
"စစ်သူကြီးက တွေ့ခွင့်တောင်းနေပါတယ် " အစောင့်တစ်ယောက်လာပြောသောကြောင့်
ထိုကောင်ငယ်လေးကို အိပ်ယာပေါ်သို့ အသာချထားပြီး ထွက်လာခဲ့သည်။
"မင်းတို့ ဒီမွာ သူ့ကိုစောင့်ကြည်ထား"
"မှန်လှပါ အရှင်"
.....................................................
"ရိပေါ် လာပြီလား"
"ကျွန့်တော့်ကို ဘာကိစ္စရှိလို့ တွေ့ခွင့်တောင်းတာလဲ"
"စောနကမင်းခေါ်လာတဲ့ကောင်လေးက......."
"ဦးရီးတော်သိနေတာလား"
"အင်း...ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာကြိုတင်မျှော်လင့်ပြီးသားပါ"
"ရိပေါ်....ငါတို့အလှည့်ရောက်လာပြီ"
စစ်သူကြီးဟုခေါ်သော ဝမ်ရိပေါ်၏ ဦးရီးတော် ဝမ်ကျိုးက ပြုံးပျော်စွာပြောဆိုနေသော်လည်း အရှင်ဟုခေါ်သော ဝမ်ရိပေါ်မှာ စိတ်အလိုမကျပေ။......["ဝမ်တိုင်းပြည်"]......
ညီလာခံတွင်......
"ဘယ္လိုလဲ...ရှာတွေ့ပြီလား" ညီလာခံတွင် ဝမ်မင်ဟုန်ရဲမက်
မ်ားအား ပြောလိုက်ရာ
"ကျွန်တော်တို့နိုင်ငံက ပစ္စည်း နှင့်မတူတဲ့အိတ်တစ်လုံးရှာတွေ့ပါတယ် မင်းကြီး"
"လူရော..."
"လူ....လူတော့မတွေ့ပါဘူး"
"တောက်စ်..."
ထိုကျယ်လောင်သော "တောက်စ်"ခေါက်သံကြောင့် ညီလာခံရှိအမတ်များနှင့်ထိုရဲမက်တို့သည် တုပ်တုပ်တောင်မလှုပ်ရဲချေ။
"မင်းတို့က ဒါလေးတောင်အသုံးမကျကြဘူးလား"
"ဒိန်း....." စားပြဲခုံအား ထုရိုက်ကာပြောဆိုသည်။
"သြား...မတွေ့တွေ့အောင်ရှာ...နယ်စပ်ပါမကျန် အကုန်မွှေနှောက်ရှာခဲ့ မတွေ့ရင်ငါ့ရှေ့ပေါ်မလာခဲ့ကြနဲ့..." စိတ္တိုစြာ အော်ဟစ်ပြောဆိုနေသောမင်းကြီးအား ဘာတစ်ခွန်းမှပြန်မပြောရဲကြ။
"ညီလာခံသိမ်းမယ်" ထိုအခါမွ သက်ပြင်းချရဲလေသည်။
...................................
"အား.......ကျွတ်..ကျွတ်..ကျွတ်..နာလိုက္တာ"
(တစ်မျိုးမထင်ကြနဲ့ဦး ဇက်ပိုးအုပ်ခံထားရလို့နာတာ )
ဇက်ပိုးမှနာကျင်မှုဖြင့် ထလာခဲ့ရာ မိမိအားစိုက်ကြည့်နေသလိုခံစားရသဖြင့် လှည့်ကြည့်လိုက်သောအခါ......
စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနှင့်ဆုံတွေ့သည့်အခိုက်
"အား...မား...လန့်လိုက်တာ" ရှောင်ကျန့်တစ်ယောက် ရင်ဘတ်လေးဖိ၍ အသက်မှန်မှန်ရူနေရသည်
ထိုအခိုက် သတိရသွားသော အမောင်ရှောင်ကျန့်
"ဟုတ်သားပဲ...ငါဘယ်နေရာရောက်နေပါလိမ့် သေသွားတာတော့မဟုတ်ဘူးမလား.." ထို့နောက် သူ့အားစိုက်ကြည့်နေ သောသူအား
မဝံ့မရဲအသံဖြင့် မေးလိုက်သည်
"ခ.....ခမ်ားကဘယ်သူလဲ...ကျွန်တော်ဘယ်ရောက်နေတာလဲ
ခင်ဗျားကျွန့်တော့်ကို ခေါ်လာတာလား ဒါကဘယ်နေရာလဲဟင်"
ဝမ်ရိပေါ် သူ့ရှေ့ကကောင်ငယ်လေးပြောနေသည်ကို အာရုံမရောက်
ထိုကောင်လေးနှုတ်ခမ်းလှုပ်တိုင်းရွေ့လျားသွားသည့် နှုတ်ခမ်းနားက မှဲ့နက်လေးပေါ်တွင်သာ အာရုံစူးစိုက်နေမိသည်
"ဒီမွာ ဟေ့လူ.....ခင်များကျွန်တော်မေးနေတာကြားလား" မေးနေသည်ကို ပြန်မဖြေပဲ ယခင်ကထက်ပိုစိုက်ကြည့်လာသောကြောင့်
ဒေါသကငယ်ထိပ်ရောက်လာလေပြီ
"မင်း.....ဘယ်သူလဲ"
"ဟာ...ငါမေးတာအရင်ဖြေ ဒါဘယ်နေရာလဲလို့မေးနေတယ်လေ"
"မင်း..ဘယ်သူလဲ"
"ရော်......ခက်တော့ခက်ပြီ ငါအရင်မေးတာ မင်းအရင်ဖြေ"
ပြန်မဖြေပဲ နဂိုအတိုင်းသာစိုက်ကြည့်နေသောကြောင့် ရှောင်ကျန့်တစ်ယောက်လက်လျော့လိုက်လေပြီ
"ဟူး.....ဟုတ်ပြီ ဟုတ်ပြီ ငါပဲအရင်ဖြေတော့မယ်"
"ငါ့နာမည်က ရှောင်ကျန့်"
"ကဲ. အခုမင်းဖြေတော့"
"ဒါ ငါရဲ့စခန်း မင်းက ကျူးကျော်သူ ဖြစ်နေလို့ခေါ်လာတာ"
"ချီးကိုခေါ်လာတာ...ဖမ်းတယ်တော့လုပ်လိုက် ခေါ်လာတာဒီလောက် ညင်သာရလား ဇက်ပိုးရိုက်ပြီး ခေါ်လာစရာလားကွ
အား.....ကျွတ်..ကျွတ် ပြောရင်းဆိုရင်းနာလာပြီ"
ထိုသို့ပြောနေရင်း မိမိရှေ့ကလူဆီသို့အကြည့်တို့ပို့မိသောအခါ
ခန့်ညားသည့်မျက်နှာ ပြေပြစ်သောနှာတံ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းတစ်စုံ သွယ်လျသောမေးရိုး ဖြူစွတ်သည့်အသားအရည်
ကျယ်ပြန့်လာသည့်ပုခုံး....
အိမ်း...... ရှောင်းရှောင်ကျန့်တစ်ယောက်အရှေ့မှလူကိုကြည့်ပြီး သိမ်ငယ်သွားရပြီလေ။
မိမိမှာတော့ ထိုကျယ်ပြန့်သည့်ပုခုံးမရှိဘူးမလား..နေ့တိုင်းအလုပ်ကို
ပင်ပင်ပန်းပန်းလုပ်ရတော့ ပိန်လှီနေပြီလေ။
"ဟွန့်..လောကကြီးကမတရားလိုက်တာ"
"ဘာပြောတယ်"
"အာ...ဘာမွမဟုတ္ဘူး" စိတ်ထဲတွေး နေရင်း အရှိန်လွန်ပြီး ပါးစပ်မှမထင်မှတ်ပဲ ထုတ်ပြောမိရာ လက်တခါခါဖြင့် ငြင်း၍ပြောလေသည်
ထိုလူအားအကြည့်ထပ်ပို့မိသောအခါ "ဟမ်....ရှေးဝတ်စုံ ဆံပင်အရှည် အား.....ဘယ်တွေရောက်ပြီး ဘာတွေဖြစ်နေတာလဲကွာ..."
ရှောင်ကျန့်၏ ဦးနှောက်လေးသည်တွေး၍လိုက်မမှီတော့ချေ။
"မင်း ဘယ္ကေရာက္လာတာလဲ" အင်း....အဲ့မေးခွန်းကို သူလဲမဖြေတတ်တော့ချေ
ဘယ်ကဘယ်လိုရောက်လာမှန်းမသိ...သေချာသည်က အက်ကွဲကြောင်းလို ချောက်ကြီးထဲ သူပြုတ်ကျခဲ့သည်မလား.......
"အင်း.....ပြောရမယ်ဆိုရင် ငါပြုတ်ကျလာတာ" ထိုအဖြေအား မိမိရှေ့မှလူက မျက်မှောင်ကုတ်လျက်အလိုမကျဟန်ကြည့်လာ၏
"ရှင်းရှင်းပြောရရင် ငါလည်းမသိဘူး"
(အင်း...ရှင်းသွားတာပဲ)
"ငါလည်းလမ်းလျှောက်ရင်း ပြုတ်ကျလာတာ ပြီးတော့မင်းငါ့ကိုဖမ်းခေါ်လာတာလေ" နောက်ဆုံးစကားကိုတော့ လိုတာထက်ပိုကျယ်ကာအံတကြိတ်ကြိတ်နှင့်ပြောရာ မျက်စိလှန်၍ကြည့်လာသူ
(ဝိုး....မိုက်ပြီးစတိုင်လ်ကျလိုက်တာ မင်းသားရှုံးလောက်တဲ့ရုပ်ရည်ပဲ)
"မင်း...ဒီမှာပဲနေ ငါအပြင်ခနသွားဦးမေ " မာဆက်ဆက်ပြောကာ ထွက်သွားသောထိုလူသည် ရုပ်လေးချောသလောက်ဘဝင်မြင့်နေတဲ့ကောင် "ဘဝင်ရူး" ပါးစပ်ကထပ်ထွက်သွားလေရာ
"ဘာပြောတယ်" ပြန်လှည့်၍မေးလာသူ။
"ဘာမွမဟုတ္ဘူး ဟီး..." အင်းလေမျက်နှာချိုသွေးထားမှ ကိုယ့်နေရာမှမဟုတ်တာ
သြား သုံးဆယ့်နှစ်ချောင်းလုံးဖြဲကာ သူ့ကိုမဒီတိုင်းကြွေသည့် ယုန်သွားလေးများအား ထုတ်ပြပြီးရီပြလိုက်လေသည်
မျက်နှာကြီးရဲကာထွက်သွသည့် အရှင်ပါလေ။
ထိုအိပ်ဆောင်အပြင်ရောက်သောအခါ
"ဟူး..စိတ်လျော့ ဝမ်ရိပေါ် ရင်ဘတ်ကခနခနခုန်နေပါလား..ငါ သမားတော်ခေါ်မှဖြစ်တော့မယ်..ဒီကောင်လေးက အန္တာရယ်များလိုက်တာ " ထိုအတွေးကိုဖြတ်ရင်း သူ့ဦးရီးတော် ခေါ် စစ်သူကြီးဝမ်ကျိုး ထံသို့ကြွလေသည်
"ရိပေါ်...... လာပြီလား"
"ဟုတ်ကဲ့ ဦးလေးကြိုး ဘာသတင်းရလဲ"
"အင်း..နန်းတော်ထဲက ငါ့သူလျှိုဆီကသတင်းအရကတော့ သူတို့ဘက်က စလှုပ်ရှားနေပြီ ဟိုကောင်လေးငါတို့လက်ထဲမှာ ရှိနေတာကို မသိသေးဘူး..ငါတို့ဘက်က ခြေတစ်လှမ်းသာအောင် အကွက်ကြိုရွေ့ထားမှဖြစ်မယ်.. "
တိတ်ဆိတ်နေသော တူဖြစ်သူအား ကြည့်၍ မေးလိုက်သည် ။
"ရိပေါ်...မင်းဒီနေ့ဘာဖြစ်လို့လဲ စိတ်နဲ့လူနဲ့မကပ်သလိုပဲ
နေမကောင်းဘူးလား"
"မဟုတ်ပါဘူး"
"ဘာလို့ မှိုင်းမှိုင်းကြီးဖြစ်နေတာလဲ မင်းပုံစံနဲ့မလိုက်အောင်လို့"
"ကျွန်တော်တို့အဲ့ကောင်လေးကို သတ်မှဖြစ်မှာလား...... "
"အင်း...သတ်ကိုသတ်ရမယ် မင်း အဖေနဲ့အမေအတွက် အဲ့ထီးနန်းကို ကျိန်းသေအရပြန်ယူရမယ်..."အရေးအသားမကောင်းရင် သည်းခံဖတ်ပေးပါနော်
မကြိုက်တာရှိရင်ပြောပါ ပြင်ရေးပေးပါ့မယ်
စာဖတ်ပေးသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်
အရွှေရဲ့ပထမဦးဆုံးစရေးတဲ့ fic မို့ မကောင်းမကန်းလေးကိုလည်း သည်းခံဖတ်ပေးကြပါနော်......AeintChitMay_8515BX.
22.6.2021Wattpad လေးထဲမှာလည်း ဖတ်ပေးကြပါနော် like and feedback လေး ပေးကြပါဦး ဆက်ရေးရမယ့် moti လေးမို့
YOU ARE READING
Never Stop
Romanceနွေးထွေးမှုဆိုတဲ့အရာကို မင်းနဲ့မှခံစားတတ်ပြီး နာကျင်မှုဆိုတာကိုလည်းမင်းနဲ့မှ ခံစားတတ်လာတယ် ဝမ်... ရှောင်ကျန့် မင်းနဲ့မှဖြစ်ပေါ်လာတဲ့ ဒီရင်ခုန်သံကို မင်းကလျစ်လျူရှုတော့မလို့လား... ဝမ်ရိပေါ် YiZhan fic လေးပါ ပထမဆုံးရေးတဲ့...