(အပိုင်း ၅) Zawgyi

198 9 4
                                    

"Never Stop"

(အပိုင်း ၅)

ဝမ္မိဖုရား အတွေးများကိုဖြတ်ပြီးသူ့သားဖြစ်သူအား
ထိုစကားတစ်ခွန်းသာထပ်၍ပြောလေသည်
"ဟုန်အာ သူ့ကိုတွေ့အောင်ရှာ"
......................................................
ဝမ်ရိပေါ် အော်သံများကြားနေရ၍ သူဓားရေးလေ့ကျင့်နေရာမှထိုအသံဆီသို့ထွက်လာခဲ့သည်

"အား.....မင်းတို့ငါ့ကိုလွတ်ပေး ငါ့ဘာသာဘယ်သွားသွားပေါ့ မင်းတို့အပူပါလား"  သူ့အိပ်ဆောင်ရှေ့တွင် ခပ်စွာစွာပြောကာသောင်းကျန်းနေသောကောင်လေး
"လွတ်ပေးလိုက်" ဝမ်ရိပေါ်ပြောလိုက်မှ ကောင်လေးအားအစောင့်များကလွတ်ပေးလေသည်။ သူတကယ်မကြိုက်ပါ ထိုကောင်လေးရဲ့အသားကိုတခြားလူထိတာမျိုး။
"ဟေ့လူ ခင်များ ကျုပ်ကိုဖမ်းထားတာဘာလုပ်မို့လဲ "
"ဘာလုပ်မို့လို့ထင်လဲ" မျက်ခုံးတစ်ဖက်ကိုပင့်ကာပြောလာသောသူကြောင့် ရှောင်ကျန့်ကြက်သီးများထမိသည်
စိတ်ထဲတွင်လည်း "ဘာလဲ ဇာတ္ကားထဲကလို နှိပ်စက်ပြီးသတ်မို့လား ငါလေးအသားနာမှာအမုန်းဆုံးပဲနော်" တစ်ယောက်ထဲကိုယ့်အတွေးနဲ့လန့်နေလေသည်
:ကိုရီးယားနန်းတွင်းကားကြည့်ပါများတဲ့အမောင်ရှောင်ကျန့်ပါလေ:
ဝမ်ရိပေါ်သူ့ရှေ့ကကောင်လေး သူ့စကားကြောင့်လန့်သွားတယ်ထင်၏
လေသံကိုကလေးချော့သကဲ့သို့ပြောင်းလိုက်ပြီး
"ကောင်လေး အထဲထဲဝင် စကားပြောကြရအောင် ဟုတ်ပြီလား" ချော့ပြောကာမှ ခေါင်းလေးတငြိတ်ငြိတ်နှင့်လိုက်လာသူ
:တကယ်အချော့ကြိုက်တေကလေးပဲ: ဝမ်ရိပေါ်တစ်ယောက်ကိုယ်ပြုံးမိသည်ကိုမသိလိုက်ချေ
အိမ်ဆောင်ထဲ၌..
"ဘာ...ငါကဘာလို့ဒီမှာနေရမှာလဲ မေနပါဘူး"
"မင်းဒီမှာငါနဲ့နေမှမသေမှာ"
"အားရား...ငါကဘာလို့သေရမှာလဲ အလတ်ကြီးပဲရှိသေးတယ်"
:"ငါနဲ့မနေလို့ မင်းသူ့ဆီရောက်သွားရင်ငါကိုယ်တိုင်သတ်ရလိမ့်မယ် ": ထိုစကားကိုတော့တစ်ကိုယ်ကြားသာသာရေရွတ်လျက်
အမှန်ပင်ဝမ်ရိပေါ် ထိုကောင်လေးကမသတ်ချင်ပေ မသတ်ရက်တာဆိုပိုမှန်မည် ကာကွယ်ပေးချင်စိတ်များဖြစ်မိသည် ထို့ကြောင့် သူဆုံးဖြတ်လိုက်သည်မှာ သူ့နားမှာ၍ကာကွယ်ပေးမည်ကိုပင်..
"ငါက ဘာလို့သေရမှာလဲ မေးနေတယ်လေ"
"မင်းက တုံးတာလား အတာလား ဒီနေရာကမင်းနေတဲ့နေရာနဲ့တူလို့လား တခြားနေရာတွေမှာမင်းကိုတွေ့ရင်ထူးဆန်းတဲ့လူဆိုပြီးဖမ့းသွားရင်ဘ်ာလိုလုပ်မလဲ"
"မင်းလည်းငါ့ကိုဖမ်းလာတာပဲလေ"ထိုစကားကိုတော့စိတ်ထဲ၌သာပြောလိုက်သည်(" မဟုတ်ရင်စိတ်တိုလို့နှိပ်စက်နေရင်ဘယ်လိုလုပ်မလဲ ငါလေးကြောက်တေ" )
ဝမ်ရိပေါ်စကားကိုရှည်အောင်တစ်ခါမှမပြောဖူးပေ ထိုသူကြောင့်သူ့မှာပြောင်းလဲနေရပြီမလား သူခေါ်လာတဲ့သူကတုံးလွန်းတာကိုး ရှင်းပြရင်တောင်မအူမလည်လေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ
အင်း....ချစ်ဖို့ကောင်းတယ် ...
ထိုစကားရှည်ကြီးပြောသော အရှက်ဖြစ်သူအားကြည့်၍ အစောင့်နှစ်ယောက်မှာ မေးပင်အဟောင်းသားဖြစ်နေတော့သည်။ သူတို့အရှင်မှာ အမြဲအင်းတစ်လုံးအဲတစ်လုံးသာပြောသည်မလား ။
ချော့ကာတစ်လှည့်ခြောက်ကာတစ်လှည့်ပြောမှ တအင်းအင်းနှင့် ခေါင်းငြိတ်လာသည် ထို့နောက်
"ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ "
အစောင့်နှစ်ယောက်မှာစောနကထက်မျက်လုံးများပြူးလာရသည်
သူတို့အရှင်ကိုနာမည်ခေါ်မို့တဲ့လား  ...
"ဟေ့ ဘယ်လိုမေးလိုက်တာလဲ အတင့်ရဲလိုက်တာ" အစောင့်နှစ်ယောက်ထဲမှတစ်ယောက်ကပြောစဉ်
"ဘာလဲ သူကဘာမို့လို့ ငါကမေမးရမွာလဲ " သူ့လာအော်၍ ပြန်အော်သောသူရယ်ပါ
"မင်းရှေ့မှာထိုင်နေတဲ့သူက ငါတို့ရဲ့အရှင်ပဲ"
"ငိ"  "အရှင်ဆိုတော့ ဘုရင်လို့ပြောတာလား ရား...ရှောင်ကျန့်ရေ မင်းအပြောအဆိုမတတ်တာနဲ့တော့ခေါင်းပြတ်တော့မှာပဲ မင်းသေချင်နေပြီလား..." ကိုယ့်အတွေးနဲ့ကိုယ်ဇက်လေးပုနေသော်လည်း ဝမ်ရိပေါ်ရဲ့မျက်လုံးထဲမှာတော့ အပြုံးရိပ်များဖြတ်ပြေးနေလေ၏။
ထိုကောင်လေးသူ့ကိုကြောက်နေသည်ကို သူသိပ်သဘောကျသည် ။
"မင်းတို့သွားလို့ရပြီ" အစောင့်နှစ်ယောက်ကိုထွက်သွားခိုင်းလိုပ်သည် မဟုရင် သူ့ကောင်လေးလန့်နေမှာမလား ကိုယ့်တစ်ယောက်တည်းကိုပဲကြောက်နေစေချင်တာ..
အမှန်ပင် ဝမ်ရိပေါ် "သူ့ကောင်လေး" ဟု သုံးနှုန်းမိသည်ကိုသတိပြုမိမည်မဟုတ်ပေ။
"ဟို...အ..အရှင်...ကျွန်တော့်ကိုမသတ်နဲ့နော် "
"ငါက ဘာကိစ္စ မင်းကိုသတ်ရမှာလဲ"
"စောနက အ..အရှင်ကို မင်း..မင်း .လို့ ခေါ်မိတဲ့အတွက်..."
ဝမ်ရိပေါ် ချယ်ချင်စိတ်ကိုအောင့်ထားရသည်။ စကားတထစ်ထစ်နဲ့ သူ့ကျုလနျ့နတေဲ့ပုံက ရယ်ချင်စရာကောင်းသလို ချစ်ဖို့လည်းကောင်းသည်
"အင်း..နောက်တစ်ခါမဖြစ်စေနဲ့"
"ဟုတ်..ဟုတ်ကဲ့" ဝမ်ရိပေါ် ရယ်ချင်စိတ်ကြောင့် ထထွက်လာခဲ့သည်။
ရှောင်ကျန့်မှာတော့ "ဟူး...အခုမှအသက်ရှူရှောင်တေ နောက်တစ်ခါ စကားပြောဆင်ခြင်မှ"
ထိုဖြစ်ရပ်ကိုကြည့်နေသူမှာ အံကိုကြိတ်လိက် ဒေါသများထွက်၍နေတော့သည်။ ထိုသူကေတာ့.....

Never StopWhere stories live. Discover now