"Never Stop"
(အပိုင်း ၄)
Zawgyi
"ကျွန်တော်တို့ အဲ့ကောင်လေးကို သတ်မှဖြစ်မှာလား... "
"အင်း..သတ်မှဖြစ်မယ် မင်းအဖေနဲ့အမေအတွက်အဲ့ထီးနန်းကိုကျိန်း သေအရပြန်ယူရမယ်"
"ရိပေါ် မင်းအရင်က ဒီကိစ္စတွေကိုမယုံခဲ့ဘူး ခုရှေးဖြစ်ဟောတဲ့အတိုင်း ဖြစ်နေပြီလေ အဲ့ကောင်လေးတကယ်ရောက်လာတယ် အဲ့အတွက် သတ်မှတ်ပြီးသားကံက ဖြစ်လာမှာပဲ သူမရှိမှ ငါတို့ ထီးနန်းကိုရအောင်ပြန်ယူလို့ရမယ်"
"ဟူး....." ဝမ်ရိပေါ် သက်ပြင်းသာချနိုင်တော့သည် ။ သူထိုကောင်လေးကိုမသတ်ရက်ဘူးမလား။
အိပ်ဆောင်က ကောင်လေးကိုစိတ်မချ၍ အမြန်ပြန်လာခဲ့တော့သည်
.............................................
ရှောင်ကျန့်တစ်ယောက် သူ့ကိုမာဆက်ဆက်ပြောသောသူထွက်သွားသည်နှင့်အိပ်ယာပေါ်က ဆင်းကာ အခန်းထဲအား ပတ်ကြည့်နေနေလိုက်သည် ။"ဝိုး...... သပ်ရပ်ပြီး သန့်ရှင်းနေတာပဲ ငါ့အခန်းဆို ဒီလိုသန့်ရှင်းတဲ့နေ့ တစ်နှစ်မှာတစ်ခါတောင်မရှိဘူး"ရှောင်ကျန့်ထိုသို့ပြော၍လှည့်ပတ်ကြည့်နေရင်း အိပ်ဆောင်၏ နောက်ဘက်သို့ရောက်သွားရာ ရေကန်ကြီးတစ်ခုကိုတွေ့လေသည် ။ သူထိုသို့ရပ်ကြည့်နေရင်း
"မင်း..ဘာလုပ်နေတာလဲ " နောက်မှအသံကြား၍လှည့်ကြည့်ရာ ထုံးစံအတိုင်းစူးစိုက်ကြည့်နေသောမျက်ဝန်းတစ်စုံ
(အဲ့ မျက်လုံးတွေကိုရှောင်ကျန့်ကြည့်မိတိုင်းရင်တုန်သည်မလား လန့်လို့နေမှာပါ)
"အေး အဲ့မှာကြည့်နေလိုက် စိတ်လျော့ ရှောင်ကျန့် ဘာလို့ရင်တုန်နေတာလဲ ဟုတ်တယ် ငါ့ကိုဖမ်းလာတဲ့သူမို့ ကြောက်နေတာနေမှာ ငါက အသဲနုတေမလား" ရှောင်ကျန့်အတွေးထဲနစ်၍ သူ့ရှေ့ကလူအားငေးနေစဉ်"မင်းကိုပြောနေတယ်လေ ဒီမှာဘာလုပ်နေတာလဲ" ဝမ်ရိပေါ် အသံကိုလိုတာထက်ပိုတိုး၍ အော်လိုက်ရာ ထိုအခါမှသတိဝင်လာသောအမောင်ရှောင်ကျန့်
"ငါ..ငါ..ငါကဒီတိုင်း အခန်း..အခန်းကလှ..လှလို့ ကြည့်ရင်း ဒီ..ဒီနားရောက်လာတာ"
("ချီးပဲ ရှောင်ကျန့်ရေ သေစမ်း စကားကဘာလို့ထစ်နေရတာလဲ
လန့်သွားတာအရှိန်မသေးသေးလို့များလား")
ဝမ်ရိပေါ်သူရောက်လာကတည်းက မိမိကိုငေးကြည့်နေသူကြောင့် အသံကိုလိုတာထက်ပိုကျယ်၍ပြောလိုက်ရာ မိမိအားစကားတထစ်ထစ်နဲ့ရှင်းပြနေသူအားကြည့်၍ပြုံးမိသည်။
"ရှောင်ကျန့် မိမိအားပြုံးပြလာသူအားအံသြတကြီးကြည့်မိသည်
"ဒီလူကပြုံးတတ်သေးသားပဲ ရုပ်ကခပ်တည်တည်နဲ့
ဒါမဲ့ ပြုံးလိုက်တာက မိုက်နေရောပဲ" အတွေးမဆုံးခင် ရုပ်ပြန်တည်သွားသော သူ့ရှေ့ကလူ...
ဝမ်ရိပေါ် ကိုယ်ပြုံးမိသည်ကို ချက်ချင်းပြန်တည်လိုက်ရင်း စိတ်ထဲမှ
STAI LEGGENDO
Never Stop
Storie d'amoreနွေးထွေးမှုဆိုတဲ့အရာကို မင်းနဲ့မှခံစားတတ်ပြီး နာကျင်မှုဆိုတာကိုလည်းမင်းနဲ့မှ ခံစားတတ်လာတယ် ဝမ်... ရှောင်ကျန့် မင်းနဲ့မှဖြစ်ပေါ်လာတဲ့ ဒီရင်ခုန်သံကို မင်းကလျစ်လျူရှုတော့မလို့လား... ဝမ်ရိပေါ် YiZhan fic လေးပါ ပထမဆုံးရေးတဲ့...