(အပိုင်း ၃) Unicode

531 39 7
                                    

"Never Stop"

Unicode

(အပိုင်း ၃)

"အရှင်...... "
"ပြော..."
"စစ်သူကြီးက တွေ့ခွင့်တောင်းနေပါတယ် " အစောင့်တစ်ယောက်လာပြောသောကြောင့်
ထိုကောင်ငယ်လေးကို အိပ်ယာပေါ်သို့ အသာချထားပြီး ထွက်လာခဲ့သည်။
"မင်းတို့ ဒီမှာ သူ့ကိုစောင့်ကြည်ထား"
"မှန်လှပါ အရှင်"
.....................................................
"ရိပေါ် လာပြီလား"
"ကျွန့်တော့်ကို ဘာကိစ္စရှိလို့ တွေ့ခွင့်တောင်းတာလဲ"
"စောနကမင်းခေါ်လာတဲ့ကောင်လေးက......."
"ဦးရီးတော်သိနေတာလား"
"အင်း...ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာကြိုတင်မျှော်လင့်ပြီးသားပါ"
"ရိပေါ်....ငါတို့အလှည့်ရောက်လာပြီ"
စစ်သူကြီးဟုခေါ်သော ဝမ်ရိပေါ်၏ ဦးရီးတော် ဝမ်ကျိုးက ပြုံးပျော်စွာပြောဆိုနေသော်လည်း အရှင်ဟုခေါ်သော ဝမ်ရိပေါ်မှာ စိတ်အလိုမကျပေ။

......["ဝမ်တိုင်းပြည်"]......
ညီလာခံတွင်......
"ဘယ်လိုလဲ...ရှာတွေ့ပြီလား" ညီလာခံတွင် ဝမ်မင်ဟုန်ရဲမက်
များအား ပြောလိုက်ရာ
"ကျွန်တော်တို့နိုင်ငံက ပစ္စည်း နှင့်မတူတဲ့အိတ်တစ်လုံးရှာတွေ့ပါတယ် မင်းကြီး"
"လူရော..."
"လူ....လူတော့မတွေ့ပါဘူး"
"တောက်စ်..."
ထိုကျယ်လောင်သော "တောက်စ်"ခေါက်သံကြောင့် ညီလာခံရှိအမတ်များနှင့်ထိုရဲမက်တို့သည် တုပ်တုပ်တောင်မလှုပ်ရဲချေ။
"မင်းတို့က ဒါလေးတောင်အသုံးမကျကြဘူးလား"
"ဒိန်း....." စားပွဲခုံအား ထုရိုက်ကာပြောဆိုသည်။
"သွား...မတွေ့တွေ့အောင်ရှာ...နယ်စပ်ပါမကျန် အကုန်မွှေနှောက်ရှာခဲ့ မတွေ့ရင်ငါ့ရှေ့ပေါ်မလာခဲ့ကြနဲ့..." စိတ်တိုစွာ အော်ဟစ်ပြောဆိုနေသောမင်းကြီးအား ဘာတစ်ခွန်းမှပြန်မပြောရဲကြ။
"ညီလာခံသိမ်းမယ်" ထိုအခါမှ သက်ပြင်းချရဲလေသည်။
...................................
"အား.......ကျွတ်..ကျွတ်..ကျွတ်..နာလိုက်တာ"
(တစ်မျိုးမထင်ကြနဲ့ဦး ဇက်ပိုးအုပ်ခံထားရလို့နာတာ )
ဇက်ပိုးမှနာကျင်မှုဖြင့် ထလာခဲ့ရာ မိမိအားစိုက်ကြည့်နေသလိုခံစားရသဖြင့် လှည့်ကြည့်လိုက်သောအခါ......
စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနှင့်ဆုံတွေ့သည့်အခိုက်

"အား...မား...လန့်လိုက်တာ" ရှောင်ကျန့်တစ်ယောက် ရင်ဘတ်လေးဖိ၍ အသက်မှန်မှန်ရူနေရသည်
ထိုအခိုက် သတိရသွားသော အမောင်ရှောင်ကျန့်
"ဟုတ်သားပဲ...ငါဘယ်နေရာရောက်နေပါလိမ့် သေသွားတာတော့မဟုတ်ဘူးမလား.." ထို့နောက် သူ့အားစိုက်ကြည့်နေ သောသူအား
မဝံ့မရဲအသံဖြင့် မေးလိုက်သည်
"ခ.....ခများကဘယ်သူလဲ...ကျွန်တော်ဘယ်ရောက်နေတာလဲ
ခင်ဗျားကျွန့်တော့်ကို ခေါ်လာတာလား ဒါကဘယ်နေရာလဲဟင်"
ဝမ်ရိပေါ် သူ့ရှေ့ကကောင်ငယ်လေးပြောနေသည်ကို အာရုံမရောက်
ထိုကောင်လေးနှုတ်ခမ်းလှုပ်တိုင်းရွေ့လျားသွားသည့် နှုတ်ခမ်းနားက မှဲ့နက်လေးပေါ်တွင်သာ အာရုံစူးစိုက်နေမိသည်
"ဒီမှာ ဟေ့လူ.....ခင်များကျွန်တော်မေးနေတာကြားလား" မေးနေသည်ကို ပြန်မဖြေပဲ ယခင်ကထက်ပိုစိုက်ကြည့်လာသောကြောင့်
ဒေါသကငယ်ထိပ်ရောက်လာလေပြီ
"မင်း.....ဘယ်သူလဲ"
"ဟာ...ငါမေးတာအရင်ဖြေ ဒါဘယ်နေရာလဲလို့မေးနေတယ်လေ"
"မင်း..ဘယ်သူလဲ"
"ရော်......ခက်တော့ခက်ပြီ ငါအရင်မေးတာ မင်းအရင်ဖြေ"
ပြန်မဖြေပဲ နဂိုအတိုင်းသာစိုက်ကြည့်နေသောကြောင့် ရှောင်ကျန့်တစ်ယောက်လက်လျော့လိုက်လေပြီ
"ဟူး.....ဟုတ်ပြီ ဟုတ်ပြီ ငါပဲအရင်ဖြေတော့မယ်"
"ငါ့နာမည်က ရှောင်ကျန့်"
"ကဲ. အခုမင်းဖြေတော့"
"ဒါ ငါရဲ့စခန်း မင်းက ကျူးကျော်သူ ဖြစ်နေလို့ခေါ်လာတာ"
"ချီးကိုခေါ်လာတာ...ဖမ်းတယ်တော့လုပ်လိုက် ခေါ်လာတာဒီလောက် ညင်သာရလား ဇက်ပိုးရိုက်ပြီး ခေါ်လာစရာလားကွ
အား.....ကျွတ်..ကျွတ် ပြောရင်းဆိုရင်းနာလာပြီ"

Never StopWhere stories live. Discover now