(အပိုင်း ၇) Zawgyi 🚨

284 11 4
                                    

"Never Stop"

(အပိုင်း ၇)

Zawgyi

ဒီအပိုင်းမှာမှောင်တာတွေပါလာမှာမို့ warning ပေးပါတယ်။

"အရှင် လာပြီလား"
"အင်း"
"အရှင့်အတွက် ချင်းမေ တစ်ခွက်ငဲ့ပေးပါရစေ"
"အင်း"
သေရည်ထဲတွင်ထည့်ထားသောအမှုန့်မှာ ပန်းဝတ်မှုံတစ်ထောင် စိတ်ကြဆေးပင်။ သုံးခွက်သောက်လျှင် ထိုလူသည်အသိစိတ်ကပ်မိမဟုတ်။ အရှင်က သူမအပေါ် ညီမကဲ့သို့သဘောထားမှန်းသိသည်
ထိုသဘောထားကိုဒီအချိန်တွင်အသုံးချရန်သူမတွေးထားမိ၏။

ညီမလိုသဘောထားသူအပေါ်ကျူးလွန်မိလျှင် တာဝန်ယူမည်မှာမလွဲပေ ။ ထိုအကြံကို ချင်းမေအရင်ထဲကတွေးမိသော်လည်း ပြိုင်ဘက်မရှိ။ အရှင့်နားမှာသူသာရှိသည်မလား အချိန်တန်ရင် အရှင်ယူမည့်သူက သူမပဲဖြစ်လာမည်ကို တထစ်ချတွေးထားသော်လည်း  အရှင့်အိပ်ဆောင်ထဲတွင်တွေ့ခဲ့သည့်လူက ထိုအတွေးများကိုဖျက်ဆီးလို့နေသည် ။ ထိုကောင်လေးကိုကြည့်သည့် အရှင့်မျက်ဝန်းများကို သူမကြိုက်ပေ။ (နင်မကြိုက်လည်း ငါကြိုက်တယ်)
သူ့စိတ်ထင်မှန်လျှင် အရှင်က ထိုကောင်လေးကို သဘောကျဟန်ရှိသည် ။ အရင်ကဆုံးဖြတ်ချက်ပြတ်သားခဲ့သူက အခု ထိုကောင်လေးကြောင့် တွန့်ဆုတ်နေသည်မလား။
သူမသည် ဇာအပါးတစ်ထည်ကိုခြုံကာ ခါတိုင်းထက်ထူးဆန်းစွာဝတ်ဆင်ထား၏

အရှင် သောက်တာ ဒါနဲ့ဆိုသုံးခွက်မြောက်ပင် ။
ဝမ်ရိပေါ် သေရည်သုံးခွက်သောက်ပြီးသည့်အချိန်တွင် သူ့ကိုယ်က ပူလောင်လာသလိုခံစားရသည် တစ်ခုခုကိုထိတွေ့ချင်လာသလိုပင်
လူကမူးဝေဝေခြင်းအလျဉ်းမရှိဘဲ ပူလောင်မြဲပူလောင်နေသည်

ရေငတ်လာသလိုကြောင့် နောက်တစ်ခွက်ထပ်သောက်လိုက်ရာပို၍ မူမမှန်တော့ချေ။ ဝမ်ရိပေါ်ထိုမှသိလိုက်သည် " ဒါ စိတ်ကြွဆေး များလား ချင်းမေကဆေးခပ်တယ်ဆိုတာမဖြစ်နိုင်တာ" ထိုအတွေးကြောင့် သူ ဒီကိုရောက်လာကတည်း အိပ်ဆောင်တွင်ကျန်ခဲ့သောကောင်လေးကိုစိတ်မချသဖြင့် အတွေးများက ထိုကောင်လေးဆီသာရောက်နေသောကြောင့် သူ ချင်းမေတစ်ချက်ပင်လှည့်မကြည့်သေးပေ
ဆေးခပ်ထားသည်မှာ ချင်းမေလားအထင်နှင့် သူမအားကြည့်လိုက်စဉ် လိုတာထက်ပိုပါးလျားစွာ ဝတ်ဆင်ထားသူကြောင့် နေ့လည်က ရေချိုးပြီးခါစအိပ်ဆောင်ထဲဝင်လာသည့် ခါးသွယ်သွယ်လေးကိုအမှတ်ရလာသောကြောင့် သူထိန်း၍မရတော့ချေ ထို့အပြင်
ဆေးခပ်သူက ချင်းမေ မှန်သိရ၍ မဖြစ်သင့်တာမဖြစ်အောင်
သူထရပ်လိုက်သည်
အရှင်က ရုတ်တရက်ထရပ်လောက်သောကြောင့် ဟုန်ချင်းမေ ကြောင်အ စွာ ကြည့်နေသည်

Never StopWhere stories live. Discover now