4

2.5K 487 57
                                    

[Unicode]

"အတူလာပျော်ပါး~"

ဝမ်ချောင်ရဲ့အမေဖြစ်သူက ပေ့ကျင်းမြို့၏ပြင်းထန်လှတဲ့အပူဒဏ်ကို မခံစားနိုင်တော့တာမို့ တစ်ပတ်ကြာမျှ လာလည်ပြီးသည့်နောက်တွင် အရှေ့မြောက်ပိုင်းသို့ ပြန်သွားလေသည်။

ဒီကြားထဲ သူ့အမေကို ဒေါသမထွက်စေချင်တာမို့ ဝမ်ချောင်မှာ သူ သဘောကျပျော်မွေ့ရသည့် လုပ်ရပ်များကို တစ်ပတ်တာမျှ ချုပ်တည်းထားခဲ့ရသည်။ သူ့အမေ ပြန်သွားသည်နှင့် ချက်ချင်းဆိုသလို ဝမ်ချောင် ပါတီကျင်းပဖို့ စိတ်ကူးလိုက်သည်။ သို့ပေမယ့် တစ်ယောက်တည်း ကဲပျော်ရမှာလည်း ပျင်းစရာဟု တွေးမိတာကြောင့် သူနှင့်အတူ အဖော်လိုက်လာပေးမည့် လူတစ်ယောက်လောက် ရှာချင်မိသွားသည်။

ထို့အတွက်လည်း သူ၏သူငယ်ချင်းအသစ်လေးက ပြီးပြည့်စုံလှသည်ဟု တွေးမိလေသည်။

ထိုအချိန် ရှဲ့ကျူရှင်းကတော့ ယန်ကျားကျား၏ဝေဖန်အပြစ်တင်မှုများကို နားထောင်ရင်း ဖိနပ်တိုက်နေသည်။

"ကျွန်မ အပြင်ထွက်သွားတဲ့ ၅ရက်၊ ၆ရက်အတွင်း ရှင်က အလုပ်နှစ်ခုပဲ ရလာတယ်ပေါ့။ ဒေါ်လာ တစ်ထောင်၊ နှစ်ထောင်လောက်နဲ့ ရှင် ဘာလုပ်လို့ရမှာလဲ။ ရှင့်မှာ အခြောက်ခံပါတဲ့ အဝတ်လျှော်စက် ဝယ်ဖို့ကိုတောင် ခြိုးခြံနေတယ်။"

"ဒီတစ်ခေါက် ကျွန်မ ဟောင်ကောင်မှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူလည်း အရင်က မော်ဒယ်ပဲ။ ဒါပေမယ့် လူချမ်းသာတစ်ယောက် ရှာတွေ့ပြီးသွားကတည်းက အိမ်မှာပဲ ခွေးနဲ့ဆော့လိုက်၊ ပန်းအိုးလေးတွေ စီလိုက်နဲ့ နေ နေတာ။ သူ ပျင်းလာရင် ဟောင်ကောင်နဲ့ဂျပန်ကို သွားပြီး စျေးဝယ်ထွက်တယ်တဲ့။ ဒီတစ်ခေါက် သူ ဟာ့ပေါ့အာမြို့မှာ ရှိိတုန်းက Tiffany and Coမှာ အလုပ်တွဲလုပ်ဖူးတဲ့သူတွေကို တွေ့တော့ ကျွန်မတို့တစ်ယောက်ချင်းဆီကို လည်ဆွဲတစ်ခုဆီ ဝယ်ပေးလိုက်တယ်။ သူက ကြွားပြီးတောင် ပြောလာသေးတယ်၊ 'ကျွန်မ ယောက်ျားက ကျွန်မအပေါ်သိပ်ဆိုးတာပဲ'တဲ့။ ငါလဖွတ်.."

"ရှင့် ကြည့်ဦး။ ချစ်သူများနေ့ပဲ ရောက်တော့မယ်။ အရင်နှစ်ကဆို ကျွန်မသူငယ်ချင်းတွေရဲ့ယောက်ျားတွေများ နိုင်ငံခြားခရီးစဉ်ခေါ်သွားတဲ့သူနဲ့ ကားအသစ်ဝယ်ပေးတဲ့သူနဲ့။ အနည်းဆုံးဆိုရင်တောင် အကောင်းစားအိတ်သစ်လေး ရကြတယ်ရှင့်။ ဒါပေမယ့် ရှင်ကလေ၊ ကိုယ့်ဘာသာ ပြန်တွေးကြည့်ပါဦး၊ ရှင် ဝယ်ပေးတာ ခေတ်မစားတော့တဲ့ Discount ချထားတဲ့အိတ်၊ သိလား။ ကျွန်မမှာ အဖွဲ့ကြားထဲ ချပြဖို့တောင် ရှက်တယ်။ ဒီနှစ်တော့ နည်းနည်းလေး အသိတရားရှိစမ်းပါ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now