66

836 118 7
                                    

[Unicode]

'ဖုန်းကာဗာ'

ဝမ်ချောင် သူ့လက်များကို အရှိန်မသတ်နိုင်သေးခင်မှာဘဲ ရှဲ့ကျူရှင်းက လှမ်းဆွဲတားရင်း ပြောလိုက်သည်။ "ပြဿနာမရှာဘဲ ကားကိုကောင်းကောင်းမောင်း"

ဝမ်ချောင်ကတော့ ရိသဲ့သဲ့ပြုံးရင်း နားထောင်လာခြင်းမရှိ။

ရှဲ့ကျူရှင်းလည်း သူ့ပါးကို လှမ်းဆွဲဆိတ်လိုက်တော့သည်။

ထိုအခါမှ ဝမ်ချောင်လည်း နာကျင်မှုဖြင့်အော်ဟစ်ရင်း ခဏတဖြုတ်မျှ ငြိမ်ကျသွား၏။

အိမ်ထဲရောက်ပြီးနောက် သူတို့နှစ်ယောက် အရှိန်မြင့်ကားမောင်းခြင်းကိုပြုလုပ်လိုက်ကြတော့သည်။

ဒုတိယမြောက်တစ်ခေါက်ရောက်ချိန်မှသာ သူတို့တတွေ အရှိန်နည်းနည်းလျှော့လာကြသည်။

ရှဲ့ကျူရှင်းက ဝမ်ချောင့်ဖုန်းကို လှမ်းယူပြီး အသံသွင်းထားသည့် demo လေးကို လှမ်းဖွင့်လိုက်သည်။

ပီယာနိုအသံလေးက အိပ်ရာတုန်ခါမှုအသံနှင့်အတူ ရောထွေးလို့ထွက်ပေါ်လာ၏။

ဒီအချစ်ဆိုတာ ဒီရေအလား၊ သူ့တစ်ယောက်တည်းကိုပဲ အရိုးများအထဲထိစိမ့်အောင် သတိတရမျှော်လင့်နေမိတာမျိုး၊ လူအုပ်ထဲမှာတောင် သူတစ်ယောက်တည်းကိုပဲ ရှာနေမိတာမျိုး၊ သူ့တစ်ယောက်တည်းအတွက်ကိုပဲ ထူးခြားတဲ့သဘောကျမှုမျိုးရှိနေမိတာမျိုး။

ရှဲ့ကျူရှင်း ဝမ်ချောင်ကို ငုံ့ကြည့်လိုက်မိသည်။

ဝမ်ချောင်ကလည်း သူ့အား စူးစူးစိုက်စိုက်အကြည့်မလွှဲဘဲ ကြည့်လျက်ရှိနေ၏။

သူတို့နှစ်ယောက်လုံး ရယ်မိသွားတော့သည်။

သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ဝိဉာဉ်များ တစ်စုတစ်စည်းထဲပူးပေါင်းသွားသလိုခံစားရသည့်အခိုက်အတန့်က ကမ္ဘာပေါ်ရှိအခိုက်အတန့်ပေါင်းများစွာထက် ပိုအဖိုးတန်လှသည်ပင်။

ဝမ်ချောင့်အတွက်လည်း ဒီနေ့မှ ထူးထူးခြားခြားပိုရှက်နေမိပြီး အော်ညည်းသံများကလွဲရင်  'ရှောင်ရှဲ့' ဆိုသည့်နာမည်ကိုပဲ ထိန်းထိန်းသိမ်းသိမ်းလေးခေါ်ညည်းနေတော့သည်။ 

You've reached the end of published parts.

⏰ Last updated: Feb 15 ⏰

Add this story to your Library to get notified about new parts!

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now