57

1.6K 263 22
                                    

[Unicode]

'ဆံဖြူ'

ဘောင်းဘီတစ်ဝက်လောက်တောင် ကျွတ်ပြီးနေမှတော့ ဘာမှမလုပ်ဘဲနေလိုက်သည်က ဖြုန်းတီးရာကျမည်သာ။

သို့နှင့် သူတို့နှစ်ယောက် တစ်ခုခုအရင်လုပ်လိုက်ကြတော့သည်။

၁၉ ရက်ကြာအောင် တကွဲတပြားရှိနေခဲ့ကြသည်မို့ မိုးခေါင်နေချိန် ရွာချလာသည့်မိုးရေများအလား။

အစပိုင်း၌ ဝမ်ချောင်တစ်ယောက် စိတ်အားထက်သန်မှုများစွာဖြင့် ရှဲ့ကျူရှင်းအင်္ကျီများကို ကူချွတ်ပေးပြီးနောက် ဆိုဖာပေါ် တွန်းချ၍ ကိုယ်တိုင် ဒူးထောက်ထိုင်ချလျက် တစ်ဖက်သူ၏ဘောင်းဘီဇစ်ကို သွားဖြင့် ဆွဲကိုက်ချပြီး အချိန်အတော်ကြာ သူ့လျှာနှင့်နှုတ်ခမ်းပါးများကို အသုံးပြုလို့ ကျီစယ်ပေးပြီးကာမှ အပေါ်မှတက်ခွဖို့လုပ်တော့သည်။ သို့သော်ငြား တကယ့်ပန်းစိုက်မည့်အချိန်ရောက်လာချိန်မှာတော့ သူ နာကျင်မှုများဖြင့် ကသိကအောက်ဖြစ်လာရသည်။

သူ့အဖြစ်က ၁၉ ရက်ကြာအောင် ထွန်ယက်မခံထားရသည့်မြေကွက်တစ်ကွက်အလား။ ထို့ကြောင့်လည်း ရှဲ့ကျူရှင်း ထွန်ယက်ခြင်းလုပ်ငန်းကို စလိုက်သည်နှင့် သူ နာကျင်မှုများဖြင့် အော်ဟစ်လျက် ငိုကြွေးရင်း ဆဲရေးတော့သည်။

ရှဲ့ကျူရှင်းက သာမန်အချိန်မှာတောင် စကားသိပ်ပြောလေ့မရှိတာမို့ ဒီလိုအချိန်မျိုးတွင် ပိုတောင်ဆိုးလှသည်။

ဝမ်ချောင်ကတော့ ဘယ်နေရာရောက်ရောက် စက်သေနတ်ဖြစ်နေသည့်အလောက် အိပ်ရာပေါ်တွင်လည်း ဆဲရေးနေရတာကို အတော်လေးသဘောကျလှသည်။ နာကျင်သည့်အခါလည်း ဆဲသလို ခံစားလို့ကောင်းနေချိန်တွင်လည်း ဆဲနေတတ်သည်။ အဆဲအဘိဓာန်နှင့်ပတ်သတ်လာလျှင်တော့ သူက အတော်လေးကြွယ်ဝသူဖြစ်သည်။ သူက တစ်ဖက်သူကို စကားလုံးများ ပြန်ထပ်သွားခြင်းမရှိဘဲ ဆယ်မိနစ်မျှကြာအောင် ဆဲနေနိုင်၏။

သူ ဆဲရေးလေလေ ရှဲ့ကျူရှင်းကလည်း ပိုကြမ်းလာလေလေဖြစ်ပြီး သူ မခံနိုင်တော့ဟု ခံစားရချိန်တိုင်း ခပ်တိုးတိုးနှစ်ကြိမ်မျှ ညည်းမိတတ်ပြီး ထိုအချိန်တိုင်းလည်း ရှဲ့ကျူရှင်းဘက်မှ ပိုညင်သာသွားတတ်သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now