32

2.4K 423 50
                                    

[Unicode]

'ရထားတွဲလေးရဲ့လက်မှတ်ရောင်းသူ'

ဝမ်ချောင်မှာ ရှဲ့ကျူရှင်းနှင့် ယန်ကျားကျား အတူတူမတ်တပ်ရပ်နေတာကို မြင်လိုက်ကတည်းက ဒေါသထွက်နေပြီးဖြစ်သည်။ သူတို့ပြောနေတဲ့အကြောင်း အနည်းငယ်မျှကြားပြီးနောက် ရှဲ့ကျူရှင်းရဲ့ သူမအပေါ် ဆက်ဆံတာများ ပြန်နူးညံ့ပျော့ပြောင်းသွားတာကို တွေ့လိုက်ရချိန် ပိုလို့တောင်ဒေါသထွက်သွားရတော့သည်။

သူ ဒေါသပေါက်ကွဲသွားပြီး ရှောင်ရှဲ့ကို ဆူငေါက်မိသွားသည်။ ဒါကလည်း ရှောင်ရှဲ့ကောင်းစေရန်သာ။

သူ့စိတ်ထဲတော့ သူ့ဒေါသထွက်ခြင်းက ဖြစ်သင့်တဲ့ကိစ္စဟု ခံစားမိနေသည်။

သို့ပေမယ့် ရှဲ့ကျူရှင်း တစ်ဖက်လှည့်ထွက်သွားမလိုလုပ်ချိန် ဝမ်ချောင်မှာ ဘယ်သူမှားလဲဆိုတာတောင် ဂရုမစိုက်နိုင်တော့။ ထိုအစား လူကိုသာ အနားမှ မထွက်ခွါသွားဖို့ အပြေးခုန်အုပ်လိုက်မိသည်။

ဝမ်ချောင့်စကားလုံးများက ပြင်းထန်လွန်းလှတာမို့ ရှဲ့ကျူရှင်း တကယ်ကို နည်းနည်းလေးဒေါသထွက်မိပေမယ့် သူ့ကို ဒီလိုမျိုး အရှက်မရှိ ခိုတွယ်ထားတာ မြင်ချိန်မှာလည်း ဆက်ပြီးဒေါသမထွက်နိုင်တော့။

ထို့အပြင် သူတို့က အပြင်မှာပဲရှိသေးသည်။ ဒီလိုမျိုးကို အခြားသူမြင်သွားရင်လည်း မကောင်းလှတာမို့ ရှဲ့ကျူရှင်း ပြောလိုက်သည်။ "မင်း အရင်ဆင်းလိုက်။"

ဝမ်ချောင် ငြင်းဆိုသည်။ "မင်း ဒေါသ မပေါက်ကွဲဘူးဆိုမှ ငါ ဆင်းမယ်။"

ရှဲ့ကျူရှင်း : "..." 'ဘယ်သူက ဒေါသပေါက်ကွဲနေလို့လဲ။'

ဝမ်ချောင်လည်း ရှဲ့ကျူရှင်း အခုနကလောက် ဒေါသမထွက်တော့မှန်း ခံစားမိတာမို့ ဖြည်းဖြည်းချင်း ပြန်ဆင်းလာလိုက်သည်။

ရှဲ့ကျူရှင်းလည်း တစ်ဖက်ပြန်လှည့်လာပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် ခဏမျှကြည့်နေမိကြသည်။

ဝမ်ချောင်က မတရားခံနေရပုံပေါ်သည်။

ရှဲ့ကျူရှင်းကတော့ သူ့ကိုရိုက်ချင်နေ၏။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now