နိဒါန်း ( 1 )

5.7K 146 9
                                    

အိပ်မက်....

အဲဒီ အိပ်မက်....

အိပ်မက်ဆိုတာ တောင်းဆုတစ်ခုကို ပုံဖော်ခြင်းတဲ့။

ကလေးငယ်တစ်ယောက်ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံတစ်ခုကို ခပ်ဝေးဝေးကနေ ကြားလိုက်ရတဲ့အခါ...၊ မလှမ်းမကမ်းသစ်ကိုင်းပေါ်က ငှက်ကလေးနှစ်ကောင်ရဲ့ တီတီတာတာစကားပြောသံလေးတွေကို ကြားလိုက်ရတဲ့အ ခါ..၊ ပြတင်းပေါက်ရဲ့ အပေါ်ဆုံးအလင်းကွက်ကနေ နေရောင်ခြည်တစ်စက် ကိုယ့်ခြင်ထောင်ခေါင်မိုးပေါ်ကို ထိုးကျလာတဲ့အခါ၊ ဒါမှမဟုတ် နှလုံးသားက ဆတ်ခနဲ လှုပ်ရှားသွားတဲ့အခါမျိုးမှာ....လန့်နိုးသွားတတ်တဲ့ အိပ်မက်။

ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ တောင်းဆုတစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ။

ဘာလို့လဲ သေချာမသိလိုက်ပေမဲ့..အဲတာ "အချစ်"ပါပဲ။

တွေ့ဆုံခြင်းက မလှပခဲ့ဘူး။ အစစရာရာ မသေမသပ်။ ဇာတ်သိမ်းမှာလည်း နီးစပ်သွားဖို့ဆိုတာကို နှမ်းစေ့တစ်ထောက်စာလောက် မမျှော်လင့်မိရလောက်အောင် ကျွန်တော့်ရဲ့ တောင်းဆုလေးက ဝေဝါးတယ်။ မျက်စိရှေ့မှာ ရှိနေတာတောင်၊ သူ့ခန္ဓာကိုယ်ထဲ စုန်းခနဲ နှစ်မြှုပ်ပစ်လိုက်ရင်တောင် ဖမ်းဆုပ်လို့မရတဲ့ တိမ်စိုင်တွေလိုပဲ....

အဲဒီလို....သေချာမသိလိုက်ပေမဲ့...သေချာပါတယ်... အဲတာက အချစ်ပါပဲ။

ပြီးတော့ ကျွန်တော့်ရဲ့ တောင်းဆုဆိုတာကလည်း သူ့နားမှာ နေခွင့်ရနိုင်ဖို့ တစ်ခုတည်းပါပဲ။

/////////////////////////////////////////////////////////////

အိပ္မက္....

အဲဒီ အိပ္မက္....

အိပ္မက္ဆိုတာ ေတာင္းဆုတစ္ခုကို ပုံေဖာ္ျခင္းတဲ့။

ကေလးငယ္တစ္ေယာက္ရဲ႕ ခိုးခိုးခစ္ခစ္ရယ္သံတစ္ခုကို ခပ္ေဝးေဝးကေန ၾကားလိုက္ရတဲ့အခါ...၊ မလွမ္းမကမ္းသစ္ကိုင္းေပၚက ငွက္ကေလးႏွစ္ေကာင္ရဲ႕ တီတီတာတာစကားေျပာသံေလးေတြကို ၾကားလိုက္ရတဲ့အ ခါ..၊ ျပတင္းေပါက္ရဲ႕ အေပၚဆုံးအလင္းကြက္ကေန ေနေရာင္ျခည္တစ္စက္ ကိုယ့္ျခင္ေထာင္ေခါင္မိုးေပၚကို ထိုးက်လာတဲ့အခါ၊ ဒါမွမဟုတ္ ႏွလုံးသားက ဆတ္ခနဲ လႈပ္ရွားသြားတဲ့အခါမ်ိဳးမွာ....လန့္နိုးသြားတတ္တဲ့ အိပ္မက္။

ဒါေပမဲ့ သူက ကြၽန္ေတာ့္ရဲ႕ ေတာင္းဆုတစ္ခု ဘယ္လိုလုပ္ၿပီး ျဖစ္လာတာလဲ။

ဘာလို႔လဲ ေသခ်ာမသိလိုက္ေပမဲ့..အဲတာ "အခ်စ္"ပါပဲ။

ေတြ႕ဆုံျခင္းက မလွပခဲ့ဘူး။ အစစရာရာ မေသမသပ္။ ဇာတ္သိမ္းမွာလည္း နီးစပ္သြားဖို႔ဆိုတာကို ႏွမ္းေစ့တစ္ေထာက္စာေလာက္ မေမွ်ာ္လင့္မိရေလာက္ေအာင္ ကြၽန္ေတာ့္ရဲ႕ ေတာင္းဆုေလးက ေဝဝါးတယ္။ မ်က္စိေရွ႕မွာ ရွိေနတာေတာင္၊ သူ႕ခႏၶာကိုယ္ထဲ စုန္းခနဲ ႏွစ္ျမႇုပ္ပစ္လိုက္ရင္ေတာင္ ဖမ္းဆုပ္လို႔မရတဲ့ တိမ္စိုင္ေတြလိုပဲ....

အဲဒီလို....ေသခ်ာမသိလိုက္ေပမဲ့...ေသခ်ာပါတယ္... အဲတာက အခ်စ္ပါပဲ။

ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ ေတာင္းဆုဆိုတာကလည္း သူ႕နားမွာ ေနခြင့္ရနိုင္ဖို႔ တစ္ခုတည္းပါပဲ။

/////////////////////////////////////////////////////////////

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now