Extra(Uni)

1.9K 74 62
                                    

"တံ့...ကျွန်တော်ပြန်ရောက်ပြီ"

အခန်းတံခါးဖွင့်ပြီး သူ့ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်သည့်အခါ သူက ကျောပေးထိုင်နေရာကနေ လှည့်ကြည့်လာ၏။ သူ့စားပွဲပေါ်မှာ စာရွက်တွေပွစာကြဲနေပြီး Pcမှာလည်း အလုပ်ဖိုင်တစ်ခု ပွင့်လျက်။ အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိသည်။ လင်းအရုဏ်ကလည်း တစ်နေကုန်ဆိုင်မှာ...သူကလည်းတစ်နေကုန်ရုံးမှာ။ နှစ်ယောက်အတူတူရှိရသည့်အချိန်ဆိုလို့ ဒီလို ညပိုင်းလေး ခဏရှိတာကို သူညနက်တဲ့အထိ မနေမနားအလုပ်လုပ်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ။

"ညစာစားလာလား"

"မမနဲ့အတူတူစားလာတယ်"

"ဒါဆို ရေချိုးပြီး နားတော့လေ။ ပြီးရင် အိပ်တော့"

"ခင်ဗျားနဲ့နေချင်သေးတယ်"လို့ ပြောထုတ်လိုက်ချင်ပေမဲ့ နှုတ်ခမ်းသာဟလိုက်တာ စကားသံက ထွက်မလာ။

"အင်းပါ"

ကျောပြန်ပေးသွားပြီဖြစ်သည့် သူ့ကျောပြင်ကို ငေးကြည့်ရင်း သက်ပြင်းတိုးတိုးရှိုက်ကာ တံခါးကို အသံမထွက်အောင် ဆွဲပိတ်ပေးလိုက်၏။ မလှုပ်ချင်လှုပ်ချင်နဲ့ ကိုယ့်အခန်းကိုယ် ပြန်လာပြီး ကုတင်ပေါ် ပစ်လှဲချလိုက်မိသည်။ ဒါ တွဲနေတာရော ဟုတ်မှ ဟုတ်ရဲ့လား။ ချစ်သူနှစ်ယောက် အတူတူနေနေတာရော ဟုတ်မှဟုတ်ရဲ့လား။

ရေမိုးချိုး အဝတ်အစားလဲပြီး ဆိုင်ကစာရင်းတွေ ပြုန်ချုပ်ဖို့ စားပွဲမှာထိုင်မိပြီးမှ သူ့ဆီ ရုတ်တရတ် အတွေးပြန်ရောက်သွားပြန်သည်။ ဒီတိုင်း လွှတ်ထားလို့တော့ မဖြစ်သေးဘူးထင်ပါရဲ့။

တောက်လျှောက်ဝင်လာနေသည့် Mailတွေကို စစ်နေတုန်းမှာ တံ့ဘုန်းသစ် ရင်ဘတ်တစ်နေရာက ရုတ်တရတ် အသက်ရှူကြပ်လာမှု။ ခေါင်းမူးတာ၊ မျက်စိကိုက်တာ၊ ခေါင်းကိုက်တာနဲ့ ခန္ဓာကိုယ်က ပင်ပန်းနေကြောင်း အချက်ပြနေတာ ဒီရက်ပိုင်း အကြိမ်ကြိမ်ရှိနေတာမို့ ဒါဖြစ်ရိုးဖြစ်စဉ် ပင်ပန်းမှုထဲကတစ်ခုလို့ပဲ တွေးနေဆဲမှာပဲ မူးဝေလာသည့် အသိစိတ်နဲ့ မွန်းကြပ်လာသည့် အသက်ရှူသံရဲ့နောက်မှာ ပါးပြင်ပေါ် မျက်ရည်တစ်စက်ဖြတ်စီးကျလာပြီး မေးဖျားအောက်က စာရွက်အဖြူစလေးပေါ် ကွက်ခနဲစိုသွား၏။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now