တံ့ဘုန်းသစ် (1)

810 63 8
                                    

"သားအဖေ ဆုံးသွားပြီ။ အဲဒါလေး အသိပေးချင်လို့"

ရက်တွေ၊ လတွေနဲ့ချီပြီး မကြားခဲ့ရတဲ့ အမေ့အသံက ဖုန်းဟိုဘက်ခြမ်းမှာ တည်ငြိမ်နေခဲ့တယ်။ ယောကျာ်းဖြစ်သူသေသွားတဲ့ မိန်းမတစ်ယောက်ရဲ့ ပူပင်သောကတွေဆိုတာ တစ်ခုတစ်လေမှာတောင် အရိပ်ထင်မနေခဲ့ဘူး။ ဖုံးကွယ်ထားတယ်ဆိုတာ သိနေတာတောင် ဖုံးကွယ်ထားတယ်လို့ မထင်ရတဲ့အထိ သူမ အသံက ပိရိနေခဲ့တာ။ ဖုန်းပြန်ကျသွားတဲ့အချိန်မှာ သူမအခန်းတံခါးဝကနေ ရပ်ကြည့်ပြီး အခြေအနေကို စောင့်ကြည့်နေတဲ့ နေရည်က တစ်ခွန်းပဲပြောပါတယ်။

"နင် ငါ့အတွက်နဲ့ နင့်အမေနဲ့ စကားမပြောတဲ့ကိစ္စကြီးကို ရပ်လိုက်သင့်ပြီလို့ ငါထင်တယ်"

အဲဒီနောက်မှာ အခန်းထဲကို ပြန်ပျောက်ကွယ်သွားတဲ့သူမရဲ့ကျောပြင်။ မွေးပြီး လသားလောက်ပဲ ရှိနေသေးတဲ့ သားငယ်ကိုလည်း အခန်းတံခါးဟရာ ထဲကနေ လှစ်ခနဲပဲ မြင်လိုက်ရတယ်။ အမြဲ ဝင်လာတဲ့ ခံစားချက်ပါပဲ။ မုန်တိုင်းတိုက်နေတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ တစ်ယောက်တည်း ရပ်နေရတဲ့ ခံစားချက်။

အတ္တကင်းတဲ့ ဖြူစင်မြင့်မြတ်တဲ့ အချစ်မျိုးဆို လိမ်ရာကျပေမဲ့ လက်ဖျားနဲ့တောင်ထိဖို့ မကြိုးစားချင်ခဲ့ဘူး။ နေယံ့အပိုင်ဆိုတာ သိနေတာမို့လို့...တံ့ဘုန်းသစ်ကို တစ်ခါလေးမှ မတိမ်းညွှတ်ခဲ့ဘူးဆိုတာ နားလည်နေခဲ့လို့....

ဒီလိုဆိုပြီးတော့လည်း ရုတ်တရတ် ဘယ်ကမှန်းမသိ ပေါက်ထွက်လာတဲ့ မခံချင်စိတ်နဲ့ အရက်ရဲ့ စေ့ဆော်မှုတွေကြောင့် မတော်တဆရလာခဲ့တဲ့ စစ်နေလေးကိုလည်း နေရည့်အပေါ်ကို အကောင်းဆုံး ရိုးသားနိုင်ခဲ့ပါတယ်ဆိုပြီး သက်သေပြချင်တာလေးတစ်ခုနဲ့ အပြစ်မတင်ရက်ဘူး။

ကြားထဲမှာ တားဆီးထားတဲ့မာနဆိုတဲ့အရာကြောင့် နေမကောင်းဖြစ်နေ မှန်းတောင် မသိလိုက်ရပါဘဲ အဖေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့နောက်မှာ သဘောပေါက်သွားခဲ့တာက....အရာရာကို လွှတ်ချလိုက်သင့်ပြီ ဆိုတာပါပဲ။ ကုပ်ကပ်ဆွဲယူထားခဲ့တဲ့အရာမှန်သမျှဟာ တံ့ဘုန်းသစ် ဘယ်​တုန်းကမှ ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ တိမ်မျှင်လို ဒြပ်ထုတွေ။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now