Chapter 23

880 74 30
                                    

"ကျွန်တော်က ခင်ဗျားကို ကြိုက်နေတာလို့!"

". ...."

"ချစ်....ချစ်နေတာ"

". ...."

"ခင်ဗျားကို ကျွန်တော် သဘောကျနေတာ ရပ်လို့ မရလို့ တောင်းပန်ပါတယ် တံ့"

အဲဒီအချိန်က....
သူဘာလို့ ငိုတာပါလိမ့်။

ကြိုက်တယ်၊ သဘောကျတယ်...ပြီးတော့ ချစ်တယ်။ ဒီစကားတွေကို ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ပြောထွက်တဲ့ သူ့ကိုယ်သူ ပိုပြီး လေးနက်သွားစေချင်လို့ မျက်ရည်တွေ ပေါင်းထည့်လိုက်တာများလား။ မျက်ရည်နဲ့ ရောစပ်လိုက်တဲ့အခါမှာ အရာရာဟာ ခံစားချက်အစစ်တွေ ဖြစ်သွားတတ်တာလား။

လွန်ခဲ့တဲ့ ရှစ်နှစ်...နေယံ ဆုံးသွားခဲ့သည့် နှစ်။ အဲဒီအချိန်ကတည်းက တံ့ဘုန်းသစ်ကို သိနေပါသည်ဟု ပြောခဲ့သည့် ဒီကောင်လေးက ခံစားချက်တွေ အားလုံး အနည်ကျစပြုနေသည့် ဒီအချိန်မှ တံ့ဘုန်းသစ်ရှေ့ကို ပေါ်လာပြီး ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေရတာလဲ။

ဒီအတွေးတစ်ခုသာ ရှိခဲ့သည်။

" Gayတွေကို မုန်းတယ်။ သူရဲ ဘောကြောင်ပြီး၊ ပျော့ညံ့ပြီး၊ မှီခိုစိတ် အားကြီးပြီး၊ အတ္တကြီးပြီး၊ အစွဲကြီးတတ်တဲ့ အဲလိုလူတွေကို မုန်းတယ်"လို့ အကြိမ်ကြိမ်ပြောခဲ့တာကို ဒီကောင်လေးဟာ ဘာလို့ အကြောက်အလန့်မရှိ၊ တံ့ဘုန်းသစ်ရှေ့မှာ ဒီစကားကို ပြောထွက်ရဲလဲ နားမလည်နိုင်။ သူတို့တွေအားလုံးဟာ ဒီလို တဇွတ်ထိုး တဇောက်ကန်းတွေချည်းပဲလား။

"ဆရာ...တော်သင့်နေပြီထင်တယ်"

တံ့ဘုန်းသစ် သောက်နေသည် ကြား၍ ရောက်ရာအရပ်က ပြေးလာပေးသည့် လက်ထောက်ကောင်လေးက နောက်တစ်ခွက်ဆီ ကမ်းနေသည့် တံ့ဘုန်းသစ် ခွက်ကို လှမ်းဆွဲသည်။

" ဆရာ မသောက်တာလည်း အရမ်းကြာနေပြီ။ ပြီးတော့ အိမ်မှာ ဆရာ့သားလေး စောင့်နေရင် ဘယ်လိုလုပ်မလဲ"

"ငါဒီနေ့ ငါအရမ်းရွံတဲ့လူဆီက ဖွင့်ပြောတာခံရတယ်"

"ဗျာ"

"အဲဒါကြောင့် အဲဒီကိစ္စ ခေါင်းထဲက ထွက်သွားအောင် မူးအောင် သောက်မှဖြစ်မယ်"

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now