Part 6

547 85 13
                                    

🐺Unicode🐍

ကားထားရာနေရာရောက်တာနဲ့ ရှောင်ကျန့်က ကားတံခါးကိုဆွဲဖွင့်လို့ ရိပေါ်ရဲ့လက်ကိုအတင်းဆောင့်ဆွဲပြီး အထဲဝင်စေတယ်။ ရိပေါ်မှာတော့ ရှောင်ကျန့်ရဲ့ တည်တင်းခက်ထန်နေတဲ့မျက်နှာကြောင့် ထိတ်လန့်စိတ်နဲ့သာ လိုက်ကြည့်နေမိတော့တယ်။

တစ်ဖက် ကားမောင်းသူနေရာမှာ ရှောင်ကျန့်က ဝင်ထိုင်ပြီးတာနဲ့ ဘာစကားမှမပြောဘဲ ကားမောင်းထွက်တယ်။ ရိပေါ်မှာတော့ ရှောင်ကျန့်ကိုသာကြည့်ရင်း အော်မိတော့တာပဲ။ အခုရှောင်ကျန့်ရဲ့ပုံစံက လူသတ်ခါနီးပြုလုပ်တတ်တဲ့အမူအကျင့်တစ်ခုလို ဖြစ်နေတာမို့ ရိပေါ်လည်း သူ့ကိုသတ်တော့မှာလားဆိုတဲ့ သံသယတို့ အလုံးအရင်းလိုက်ဝင်ရောက်လာရတယ်။

"ရှောင်ကျန့်!! မင်းဘာလုပ်နေတာလဲ!"

"ပါးစပ်ပိတ်ထားစမ်း!!"

"ရှောင်ကျန့်!!!"

"တော်စမ်း ဝမ်ရိပေါ်!! မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ငါ့ကို မင်းထင်တာတွေ လျှောက်စွပ်စွဲရလောက်အောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ။"

ရှောင်ကျန့်စကားအဆုံး ရိပေါ် ရှောင်ကျန့်ကိုသာ မျက်လုံးအပြူးသားနဲ့ ကြည့်မိတော့တယ်။ အံ့ဩလွန်းလို့ ပွင့်အံသွားတဲ့ နှုတ်ခမ်းအစုံကိုလည်း ပြန်မပိတ်နိုင်တော့ဘူး။ ရင်ဘတ်ထဲက နာကျင်လွန်းလို့ ကျဆင်းလာတဲ့ မျက်ရည်ကြည်တို့ကိုလည်း မသုတ်ဖယ်မိတော့ဘူး။ ရှက်လွန်းလို့၊ ရှောင်ကျန့်နှုတ်ထွက်လာတဲ့စကားတို့ကို မယုံကြည်နိုင်လွန်းလို့ ရှောင်ကျန့်ထံက အကြည့်လွှဲဖို့ကိုတောင် ရုတ်တရပ် မေ့သွားရတဲ့အထိ ရှောင်ကျန့်မျက်နှာကိုသာ ကြည့်နေမိတော့တယ်။ ရှောင်ကျန့်ကတော့ ကားစတီယာတိုင်ကို လက်ကအကြောစိမ်းတွေ ထင်းကနဲပေါ်လာတဲ့အထိ ခပ်တင်းတင်းဆုပ်ကိုင်လို့ မျက်နှာထက်က ခက်ထန်မှုကလည်း မလျော့သွားတဲ့အပြင် ရိပေါ်ကိုလည်း ဘာစကားမျှ ထပ်ပြောမလာတော့ဘူး။

ကားကိုအကြမ်းပတမ်းမောင်းနှင်လာပြီး ရပ်တန့်လိုက်တဲ့နောက် ရိပေါ် ဘေးဘီဝဲယာကြည့်မိတော့ ရောက်ရှိနေတာက ရှောင်အိမ်တော်ကို။ ရိပေါ် ရှောင်ကျန့်ကိုသာ တောင်းပန်တိုးလျှိုးတဲ့မျက်ဝန်းအစုံနဲ့ကြည့်မိတယ်။ ရှောင်ကျန့်က သူ့ကိုသတ်မှာတော့ မဟုတ်ပါဘူးနော်။ ဒီအိမ်မှာလေ။

PSYCHO FRIEND (Season-2)Where stories live. Discover now