Part 8

540 82 14
                                    

🐺Unicode🐍

"အချိန်နောက်ပြန်လည်ပြီး အတိတ်ကိုပြန်ရောက်လာတတ်တာကို ယုံလား။"

ယွီချန်ကောရဲ့ရှေ့ ဆိုဖာခုံပေါ် စိမ်ပြေနပြေမှီထိုင်ရင်း မေးလာတဲ့စကားအဆုံး ယွီချန်ကောကတော့ ကော်ဖီကိုသာ အရသာခံသောက်ပြီး ခေတ္တမျှစဉ်းစားဟန်ပြုတယ်။ ထို့နောက်မှာ စားပွဲပေါ် ကော်ဖီခွက်ကိုအသာတင်ပြီး လက်နှစ်ဖက်ကိုယှက်လို့ ရိပေါ်ကိုကြည့်လာတယ်။ စိတ်ရောဂါဆရာဝန်ပီပီ မျက်နှာထက်မှာ အပြုံးတစ်ခုကိုတော့ ချိတ်ဆွဲထားတုန်းပဲ။

"ရှိရင်လည်း ရှိမှာပေါ့။ ဒီလောကကြီးမှာ ကောတို့သိပ္ပံပညာနဲ့ လိုက်မမီနိုင်လောက်အောင် ထူးဆန်းတဲ့အရာတွေကဖြစ်ပျက်နေကြတာပဲလေ။ ဒီနေ့အတွက် ဒီခေါင်းစဉ်ကို ဆွေးနွေးချင်လို့လား။"

ရိပေါ်က ပြုံးရင်းနဲ့ပဲ ခေါင်းအသာရမ်းလိုက်တယ်။

"ဆွေးနွေးချင်တယ်လို့တော့ မဟုတ်ပါဘူး။ ကော ယုံလား၊ မယုံလား သိချင်ရုံတင်ပါ။"

"ရိပေါ်က ယုံလို့လား။"

"ယုံတယ်ဆိုတာထက် တကယ်ကြုံခဲ့ရတယ်လို့ပြောရင် ကောယုံမလားပဲ။"

ခေါင်းအသာစောင်းရင်း နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကော့တက်သွားတဲ့အထိ ပြုံးလို့ တစ်လုံးချင်းမေးလာတဲ့ရိပေါ်ကြောင့် ယွီချန်လည်း မျက်လုံးအစုံကိုမှေးစင်းပြီး အကဲခတ်သလိုကြည့်မိတယ်။

"ရိပေါ်ဘက်က ကြုံခဲ့သမျှ ပြောပြဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ ကိုယ့်ဘက်က နားထောင်ဖို့ အသင့်ပါပဲ။"

ယွီချန်ကောဘက်က ယုံတယ်၊ မယုံဘူးမပြောပါဘဲ စိတ်ဆရာဝန်ပီပီ စကားလမ်းကြောင်းဖွင့်ပေးလိုက်တဲ့အပေါ် ရိပေါ်ကတော့ သက်ပြင်းအသာချတယ်။ သူ ယွီချန်ကောကို မေးသာမေးလိုက်တာ။ ပြောပြဖို့စိတ်ကူးလည်း ရှိမနေခဲ့ဘူး။ တကယ်လို့ ပြောပြမိခဲ့ရင်လည်း မယုံဖို့က ရာခိုင်နှုန်းများတာမို့။

ခေါင်းတရမ်းရမ်းနဲ့ တွေဝေနေပုံရတဲ့ရိပေါ်ကိုကြည့်ရင်း ယွီချန်ကောက စကားပြန်စတယ်။

"ရိပေါ်ဘက်က ကိုယ့်ကို အပြည့်အဝယုံတယ်ဆိုမှ ပြောပါ။ ကိုယ့်ဘက်က ဖိအားပေးလိုက်လို့ ပြောတာမျိုး ရိပေါ်ကိုမဖြစ်စေချင်ဘူး။"

PSYCHO FRIEND (Season-2)Where stories live. Discover now