Part 7

564 81 4
                                    

🐺Unicode🐍

'ကောင်းကောင်းအိပ်ပါ ဝမ်ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့လက်တွေ့ဘဝကို မရောစေနဲ့။'

'ကောင်းကောင်းအိပ်ပါ ဝမ်ရိပေါ်။ မင်းအရမ်းပင်ပန်းနေပြီ။ အိပ်မက်နဲ့လက်တွေ့ဘဝကို မရောစေနဲ့။'

နားထဲအထပ်ထပ်ကြားယောင်နေမိတဲ့စကားသံတွေနဲ့အတူ ရိပေါ်တစ်ယောက် အိပ်မက်ကနေ နိုးထလာရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက သူနဲ့သိပ်ပြီး စိမ်းသက်မှုမရှိတဲ့အခန်း။ တစ်နည်းပြောရရင် သူတစ်ခါထပ်မနည်းရောက်ဖူးနေတဲ့ ရှောင်ကျန့်ရဲ့အခန်း။ ရိပေါ်လည်း အသက်ပြင်းပြင်းရှူပြီး ကုတင်ပေါ်ကနေထလို့ ဘေးဘက်ကြည့်မိတော့ ဆုဖာခုံပေါ်မှာ နဖူးပေါ်လက်တင်ရင်း အိပ်ပျော်နေတဲ့ရှောင်ကျန့်။ ရိပေါ် ဖြစ်ပျက်သမျှ အကုန်ပြန်စဉ်းစားမိပြီးတဲ့နောက် အားနာစိတ်နဲ့သာ ရှောင်ကျန့်ကို လှမ်းကြည့်မိတယ်။ သူစိတ်လွတ်ပြီး လုပ်ချင်ရာတွေ လုပ်နေမိခဲ့တာပဲ။

ရိပေါ် အတွေးနွံထဲနစ်မြောနေစဉ်မှာပဲ အသက်ရှုသံတစ်ခုနဲ့အတူ နိုးလာတဲ့ရှောင်ကျန့်။ နိုးနိုးချင်းပဲ သူ့ဘက်ကိုလှည့်ကြည့်လို့ တစ်ချက်မျှသမ်းဝေရင်းက လှမ်းမေးတယ်။

"နိုးနေပြီလား။"

ရိပေါ် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်မိတယ်။

"အင်း။"

ရှောင်ကျန့်ကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ရိပေါ်နားကိုလျှောက်လာတယ်။

"အဆင်ပြေရဲ့လား။ အခုတလော မင်းခဏခဏသတိလစ်နေသလိုပဲနော်။"

ရှောင်ကျန့်က ရိပေါ်ရှေ့ မတ်တပ်ရပ်လာရင်းပြောလာတဲ့နောက် ရိပေါ်လည်း ရှောင်ကျန့်ကိုသာ ပင်ပန်းနွမ်းရော်စွာနဲ့ မော့ကြည့်မိတော့တယ်။

"ကြည့်ရတာ မင်း ဆရာဝန်ပြကြည့်သင့်တယ်လို့ ငါထင်တယ်။ မင်းကြည့်ရတာ ရက်ရှည်အနားယူလိုက်လို့လည်း အဆင်ပြေမယ့်ပုံမပေါ်ဘူး။"

ရိပေါ် ခေါင်းသာညိတ်ပြလိုက်မိတယ်။ ရှောင်ကျန့်ပြောသလိုပဲ သူအခုဖြစ်ပျက်ကြုံတွေ့နေရတာတွေက ရက်ရှည်အနားယူလိုက်တာနဲ့ အဆင်ပြေသွားမယ့်အရာတွေမဟုတ်ဘူး။

PSYCHO FRIEND (Season-2)Where stories live. Discover now