2 (U)

160 13 0
                                    

ကျွန်တော့်ရဲ့ မီးခိုးရောင် ကမ္ဘာငယ် (6)

ကျွန်တော့်ကမ္ဘာကြီးက အဖြူရောင်နဲ့အနက်ရောင်
တွေပဲ ခြယ်ထားတယ်။ ဘယ်ကိုပဲကြည့်ကြည့်..
မီးခိုးရောင် ခပ်နုနုနဲ့ ခပ်ရင့်ရင့်ရယ်ပေါ့။
ကျွန်တော်ငယ်ငယ်ကတည်းက တခြားအရောင်
တွေ မမြင်နိုင်ခဲ့ဘူး။ မွေးရာပါလေ။

ကျွန်တော့်လို လူမျိုးက လူအယောက် ၃သောင်း
မှာမှ တယောက်သာ ဖြစ်တတ်တဲ့
Monochromacy ဆိုတဲ့အမြင်အာရုံချွတ်ယွင်းမှု
တခုဆိုပါတော့။ ကျွန်တော်တို့ကို Mono လို့
အတိုကောက် ခေါ်ဝေါ်သုံးစွဲကြတယ်။

သူများနည်းတူ အရောင်တွေကို မမြင်နိုင်လို့..
သူများနည်းတူ ရောင်စုံခြယ်လောကကြီးထဲ
မပျော်၀င်နိုင်လို့.. ကျွန်တော့်မှာ အမြဲတမ်း
တယောက်တည်း သီးသန့်ကွဲထွက်နေရတတ်
လေ့ရှိတယ်။

ဒါပေမယ့်လည်းဗျာ..ကိုယ် တခါမှမမြင်ဖူး
မခံစားဖူး မတွေ့ကြုံဖူးတဲ့ အရာဆိုတော့လည်း
ထူးထွေပြီး တောင့်တနေတာမျိုးလည်း ဖြစ်မနေ
တော့ပါဘူး။ ဒါကိုလည်း မကျေမနပ်ဖြစ်နေလို့
ထူးမှမထူးတာပဲလေ ဟုတ်တယ်မလား။

ဘာလို့လဲဆိုတော့.. ကျွန်တော့်အမေနဲ့ အဖေ
ပြောနေတာကို တိတ်တိတ်လေး နားထောင်
ကြည့်မိတာတော့.. အရောင်တွေကို မြင်နိုင်တဲ့
မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာကလည်း
အရမ်းစျေးကြီးတာတဲ့။ ပြီးတော့လည်း အဲ့ဒါတွေ
၀ယ်တပ်ဖို့ဆိုတာ မျက်စိကို အထပ်ထပ်စစ်ဆေး
ရသေးတယ်လို့ ပြောတာပဲ။

စျေးထဲမှာ အသီးအရွက်ရောင်းတဲ့ အမေနဲ့ Taxi
Driver လုပ်နေတဲ့ အဖေ့ရဲ့ ၀င်ငွေဆိုတာက
အိမ်ရဲ့ အသုံးစရိတ်၊ အခွန်အခနဲ့ ကျွန်တော့်
ပညာရေးစရိတ်ဘာညာဘာညာ ချတွက်ရင်
တောင် မလုံလောက်ချင်ဘူး။

အဲ့တော့.. ကျွန်တော် မမျှော်လင့်ထားတာ
အကောင်းဆုံးဆိုတာ သိပါတယ်။

ဘွဲ့ယူမယ့်အစား အထက်တန်းကျောင်းပြီးတာနဲ့
အပြင်ထွက် အလုပ်လုပ်ဖို့ ရွေးချယ်လိုက်တဲ့
ဆုံးဖြတ်ချက်က မိဘတွေအတွက် ၀န်ထုပ်၀န်ပိုး
တခုလျှော့လည်း နည်းလားဆိုတဲ့ အတွေးနဲ့ပါ။

Ji+RiWhere stories live. Discover now