5 (U)

135 11 1
                                    

101 & 102

အခန်း ၁၀၁ မှာ ကောင်လေးတယောက်ပြောင်း
လာသည်။ တိုက်ခန်းပိုင်ရှင်အမေကိုယ်တိုင်က
သူ့သားကို အထုပ်တွေနဲ့လာချပေးသွားပြီး ဆူပူ
ငေါက်ငမ်းကာ ပိုက်ဆံလုံလုံလောက်လောက်
လွှဲပေးမှာမို့ အိမ်ပြန်မလာဖို့၊ ဒီမှာပဲ နေချင်သလို
နေဖို့၊ ဆက်ပြီး ဒုက္ခမပေးဖို့ ပြောဆိုနေသံက
တတိုက်လုံးကလူတွေအကုန် မကြားချင်မှအဆုံး။

ဂျစ်တစ်တစ် ပေစောင်းပေစောင်းနှင့် ဆေးလိပ်
ကို လက်ကြားက မချသော ထိုကောင်လေးပုံစံ
မှာလည်း အဆိုးအပေ ကောင်လေးတယောက်
ပါလို့ သက်သေပြနေသလို။

အခန်း ၁၀၁ မှာ ထောင့်စွန်းအခန်း ဖြစ်တာကြောင့်
ထိုကောင်လေး ဆူညံပူညံလုပ်သမျှကို အခန်း
၁၀၂ ပိုင်ရှင် Kwon Jiyong က ဒဏ်အခံရဆုံးပင်။

Jiyong မှာ တဖက်အခန်းက ဂိမ်းဆော့နေတဲ့
အသံတွေကြောင့် အိပ်မပျော်နိုင်ပဲ လူးလိမ့်နေရ
တယ်။ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း
မဟုတ်တော့ ဒေါသတွေ ထွက်နေရတာပေါ့။

နောက်ဆုံးတော့ ဘယ်လိုမှ သည်းမခံနိုင်တော့
တဲ့အဆုံး ၁၀၁ ရဲ့ အခန်းတံခါးကို သွားခေါက်မိ
တော့တယ်။

တံခါးပွင့်လာတဲ့အခါ အခန်းထဲက ဆေးလိပ်ခိုး
တွေက ထောင်းကနဲ။ Jiyong မှာ ရုတ်တရက်
ရှုရှိုက်မိလိုက်ပြီး ချောင်းတဟွတ်ဟွတ်ပါ ဆိုးလို့။

" ဘာကိစ္စလဲ.."

ဂျွတ်ဆတ်ဆတ်အသံက အသံကြား သောက်မြင်
ကတ်ပါစေဆိုတဲ့ဆုနဲ့များ ပြည့်ခဲ့သလားမသိပါဘူး။
စမုံကို တုန်းနေရောပဲ။

" မင်း အသံနည်းနည်းလောက် တိုးပေးလို့မရ
ဘူးလား..ငါ တနေကုန်အလုပ်လုပ်ထားရတော့
ဒီအချိန်လေးပဲ နားရတာ..နည်းနည်းပါးပါး ဘေး
လူကို အားနာပါဦးကြာ.."

သူ့ဘက်က ပြေရောပြေကြောင်း ပြောလိုက်ပေ
မယ့် ထိုအရိုင်းတုံးကတော့ တံခါးကို ပြန်ဆောင့်
ပိတ်သွားလေရဲ့။ ဆက်ပြောနေပြန်ရင် ရန်ဖြစ်ရတော့မှာမို့ စိတ်ကိုမနည်းထိန်းကာ အခန်းထဲပြန်
နားကြပ်တပ်ပြီး အိပ်လိုက်ရတယ်။

မနက် နိုးစက်မြည်တာနဲ့ Jiyong တယောက်
ငေါက်ကနဲ နိုးလာတယ်။ အိပ်ရေးမဝတော့
ခေါင်းကကိုက်နေပြီ။ တဆက်တည်း..၁၀၁ က
အကောင်ကို လှမ်းမေတ္တာပို့မိတော့တာပဲ။

Ji+RiWhere stories live. Discover now