6 (U)

125 12 1
                                    

Killer and his prey (48)

ကြေးစားလူသတ်သမား ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို
ဘယ်ကနေ ဘယ်လိုလုပ်ပြီးရလိုက်မှန်းတောင်
မသိရပါပဲ သူ့မှာ လူတယောက်ကို သတ်ပေးဖို့
ကမ်းလှမ်းခံလိုက်ရပါတော့တယ်။

တကယ် ဘုရားစူး.. မတော်တဆ ရမ်းသမ်းပစ်
ရင်းကနေ လူသတ်မှုဖြစ်သွားတာပါလို့ ရှင်းပြ
တာလည်း မရ။ သူ့မှာ ထောင်ထဲကို မ၀င်ရရေး
ထွက်ပြေးနေရင်း အခုလို အလုပ်အပ်သွားကြ
တာရယ်။ ပုန်းရင်း ခိုရင်း ပိုက်ဆံလည်း အရမ်း
လိုနေတာဆိုတော့ နောင်ခါလာ နောင်မှရှင်းဆို
ပြီး အကျိုးတော်ဆောင်ခလည်း ယူပစ်လိုက်ပြီ။

အေးလေ ပိုက်ဆံယူပြီးမှတော့ မသတ်ပေးလို့
ကလည်း မရတော့ဘူးပေါ့။

သတ်ပေးရမယ့်လူက Kwon Jiyong တဲ့။
သူ့ကို အလုပ်လာအပ်တဲ့သူတွေနဲ့ ရန်ငြိုးရန်စရှိ
တယ် ပြောတာပဲ။ အဲ့ဒါတွေလည်း စိတ်မ၀င်စား
ပါဘူး။ အရေးကြီးတာက သတ်စရာရှိတာကို
သတ်ဖို့။ ဒီလူ့ကို သတ်ဖို့။

သတ်မယ်ဆိုပြန်တော့ ဘလိုင်းကြီး မစဉ်းစား
မဆင်ခြင်ပဲ ကမူးရူးထိုးသွားသတ်လို့မရပေဘူး။
ဒီလူ့အကြောင်း နည်းနည်းပါးပါး သိအောင်
စုံစမ်းရမယ်။

အဲ့လိုနဲ့ Kwon Jiyong နောက်ကို သူ လိုက်နေ
တာ အတော်ကြာပြီ။ ဒီလူ့ ဘေးမှာ သက်တော်
စောင့် တအုပ်တမနဲ့ဆိုတော့ လွယ်လွယ်နဲ့ ချဉ်း
ကပ်လို့ မရဘူးဖြစ်နေတော့တာပေါ့။ ဒါပေမယ့်
ကြိုးစားတဲ့သူအဖိ်ု့ အခွင့်အရေးဆိုတာ တနေ့နေ့
တချိန်ချိန်တော့ ရောက်လာမှာ သေချာတယ်လေ။

အဲ့ဒါကြောင့် သူ သည်းခံပြီး စောင့်နေခဲ့တယ်။

...

အခုတလော နောက်ယောင်ခံလိုက်နေတဲ့
ကောင်လေး တယောက်ရှိတယ်။ Lee Seungri
တဲ့။ အစကတော့ သတိမထားမိပေမယ့်..
ဘယ်သွားသွား ဒင်း မျက်နှာကြီး နေရာတကာ
မြင်နေရတာနဲ့ နောက်ကြောင်းရာဇ၀င် စုံစမ်း
ကြည့်လိုက်တော့ ကြေးစားလူသတ်သမားဆိုပဲ။

လူပုံစံလေးက ဖြူဖြူနုနုနဲ့ ငဒူရုပ်။ လူသတ်မှု ဖြစ်
ဖူးတယ်ဆိုတာလည်း မူးမူးရူးရူးနဲ့ သေနတ်နဲ့
ဟိုပစ်ဒီပစ် လုပ်ရင်း လူဆိုးအကောင်ကြီးကြီး
တယောက်ကို မှန်သွားတဲ့အဖြစ်။

Ji+RiWhere stories live. Discover now