4 (U)

137 9 2
                                    

စောက်ကလေး (44)

" အခုချက်ချင်း အဖြေပြန်ပေး.."

အဖြေတောင်းတဲ့ လေသံကလည်းကွာ..

နားရွက်ဖျားတွေရဲတက်နေတဲ့ ထိုစောက်ကလေး
ကို ငုံ့ကြည့်ရင်း Jiyong သက်ပြင်းသာ အသာ
ချလိုက်မိတယ်။ သူ့အနေနဲ့ ကျောင်းမှာ King
ဆိုပြီး နာမည်ကြီးတယ်ဆိုတာ မိန်းကလေးတွေ
အတွက်ပဲ ထင်ထားတာ။ သူ့ထက် ၂နှစ်ငယ်တဲ့
ဒီမျိုးတူစောက်ကလေးတွေကပါ စိတ်၀င်စားလာ
မယ်လို့ စိတ်ကူးထဲတောင်ထည့်မတွေးထားဘူး။

" ဒီမှာ.. ငါ့ညီ.. အကို့ကို လာမကြပ်ပါနဲ့ကွာ..
ပြန်တော့.."

ချော့ချော့မော့မော့ ပြောပေမယ့်လည်း အနှီ
အကြောတင်းပုံရတဲ့ ပိန်ပိန်ကပ်ကပ် ဖြူနုနု
ကောင်လေးကတော့ အံကြိတ်ပြီး ပေကပ်ရပ်နေဆဲ။

" အကိုက Gay မဟုတ်ဘူး ညီရ.. စိတ်လျှော့
လိုက်ပါတော့နော်.."

ယတိပြတ် ငြင်းလိုက်တဲ့အခါ မျက်ရည်ဥနေတဲ့
မျက်၀န်းတွေနဲ့ မော့ကြည့်လာတော့တာပဲ။

" ကျွန်တော် ခင်ဗျားကို Gay အောင် လုပ်ပြမယ်.."

တာ၀တိ ံသာခေါင်ထိပ်ကို ရောက်နေတဲ့
ယုံကြည်ချက်တွေ တပြည့်နဲ့ မျက်ဝန်းတွေက
သူ့မျက်နှာကို စေ့စေ့ကြည့်ကာ ပြောပြီးတာနဲ့
ထွက်ပြေးသွားတယ်။

သြော် စောက်ကလေးများနှယ်.. အတော်ခက်။

...

အထက်တန်းအောင်ပြီး အနုပညာတက္ကသိုလ်
ဆက်တက်မယ်အလုပ်မှာ YG Entertainment
က သူ့ကို scout လုပ်လာတာနဲ့ Trainee အဖြစ်
အဆိုအကတွေ လေ့ကျင့်ရတယ်။ ဒီနှစ်အတွင်း
မှာ Idol Group အဖြစ် Debut မှာမို့ တနေ့ ၂၂
နာရီလောက်က လေ့ကျင့်နေရတာချည်းပင်။

သူကိုယ်တိုင်ကလည်း လိုလိုချင်ချင်နဲ့ စိတ်အား
ထက်သန်နေတဲ့ အလုပ်မို့ Debut နိုင်ဖို့ အရေး
အသည်းအသန် ကြိုးစားနေရတာပေါ့။

တခြားအဖွဲ့တွေ အဆိုတော်တွေရဲ့ backup
dancer အဖြစ်..MV ထဲမှာ ဖြတ်လျှောက်နေရာ
အဖြစ်.. ဘယ်ကပဲဖြစ်ဖြစ်.. မညီးမညူ
တောက်လျှောက် ကြိုးစားလာခဲ့တာ။

နောက်ဆုံးတော့ အဖွဲ့၀င်အဖြစ် လျာထားခြင်း
ခံရတဲ့ နာမည်စာရင်းထွက်လာတော့ သူ့နာမည်
မပါလာ။ Debut ဖို့ အခွင့်အရေးဆုံးရှံးရပြီဆိုတဲ့
အသိက မျှော်လင့်ချက်တွေကို သိမ်းကျုံးရိုက်ချိုး
သွားလေရဲ့။

Ji+RiWhere stories live. Discover now