11 (U)

140 12 0
                                    

I see you (28)

တခါက မြို့ကြီးတမြို့မှာ ကြောက်ခမန်းလိလိ
နာမည်ကျော်ကြားတဲ့ လူဆိုးကြီးတယောက် ရှိ
သတဲ့။

သူ့နာမည်က Kwon Jiyong..

သူက ဘယ်လောက်တောင် ဆိုးသွမ်းယုတ်မာ
ကြမ်းတမ်းသလဲဆိုရင် သူ့နာမည်ကိုကြားလိုက်
တာနဲ့ တပြိုင်နက် လူဆိုးပုစိတွေအကုန်ပြားပြား
၀ပ်နေအောင် တုန်လှုပ်ခြောက်ခြားကုန်ကြသတဲ့။

အဲ့လူဆိုးကြီး Kwon Jiyong က မကောင်းတာ
မှန်သမျှ အကုန်လုပ်တယ်။ ရဲတွေဆိုလည်း သူ့
ကို လုံး၀မှ ဖမ်းမမိကြဘူးဆိုပဲ။ တချို့က သူ့ကို
ကိုယ်ယောင်ဖျောက်နိုင်တယ်လို့တောင် တင်စား
ကြတာ။ တကယ်တော့ Kwon Jiyong က
ရုပ်ပြောင်းရုပ်လွှဲနဲ့ ရုပ်ဖျက်တဲ့နေရာမှာ ဆရာကြီး
တဆူ ဖြစ်နေခဲ့တာလေ။

တနေ့တော့ လူဆိုးကြီး Kwon Jiyong က
ကောင်လေးတယောက်နဲ့ မတော်တဆ တွေ့ဆုံ
ခဲ့သတဲ့။

အဲ့ကောင်လေးက ဘယ်လိုတွေလုပ်လိုက်သလဲ
မသိပါဘူး.. လူဆိုးကြီး Kwon Jiyong ခမျာ သူ
လုပ်နေတဲ့ မကောင်းတဲ့အလုပ်တွေကိုစွန့်လွှတ်
ပြီး အဲ့ကောင်လေးနဲ့ အတူတူ နေသွားကြတော့
တာပေါ့။

" ပုံပြင်လေးကတော့ ဒါပါပဲကွယ်.. ကဲ..
အိပ်တော့.."

" ဟင်း.. ပါပါးပုံပြင်ကလည်း ဘာကြီးမှန်းကို
မသိဘူး.. ကိုယ့်နာမည်ကိုထည့်ပြောနေတာ.."

နှုတ်ခမ်းလေးစူကာ စိတ်ကောက်ဟန်ပြနေတဲ့
သမီးငယ်လေးရဲ့ ခေါင်းကို ခပ်ဖွဖွလေး သပ်
ကာ နဖူးလေးထက် အနမ်းလေး ပေးလိုက်ရတယ်။

" ပါပါး ပင်ပန်းနေလို့ပါ Haru လေးရယ်.. ဒီနေ့
တော့ အိပ်တော့နော်..မနက်ဖြန်မှ ဆက်ပြောပြမယ်.."

သမီးလေး အိပ်ပျော်သွားတဲ့အထိ ဘေးမှာ
အဖော်ပြုပေးနေရင်း အတွေးက အတိတ်ဆီ။

သူရယ်၊ ပုံပြင်ထဲက ကောင်လေးတယောက်ရယ်
ပေါ့.. အဲ့တုန်းကတော့ သူတို့ဘ၀ထဲကို Haru
လေးတောင် ၀င်မလာသေးဘူး။ ပုံပြင်ထဲက
ကောင်လေးတောင် ဗိုက်ပူပူလေးပဲ ရှိသေးတယ်။

" ရယ်လိုက်ရင် အသည်းပုံနှုတ်ခမ်းလေး ပေါ်
လာတာကအစ Haru လေးက သူ့အပါးနဲ့ချွတ်စွပ်ပဲ.."

You've reached the end of published parts.

⏰ Last updated: May 24, 2023 ⏰

Add this story to your Library to get notified about new parts!

Ji+RiWhere stories live. Discover now