10 (U)

103 10 0
                                    

မင်းနဲ့အတူရှိတဲ့ အိမ်မက်တခု မက်ခဲ့တယ်

" Seungri.. ဒီဘက်ကိုလှည့်.."

ထိုမှုန်ဝါးဝါးလူရိပ်က သူ့ကို ဓာတ်ပုံတဖျတ်ဖျတ်
ရိုက်ပေးနေတယ်။ ကြည့်ကောင်းအောင် ရှုထောင့်
မျိုးစုံကနေ စိတ်ပါလက်ပါ ရိုက်ပေးနေတဲ့ ဟန်ပန်
ကြောင့် စိတ်ထဲမှာ ကြည်နူးစိတ်လေးက လှိုက်ကနဲ။
ပြီးတော့ နှစ်ယောက်အတူတူ မုန့်သွားစားကြတယ်။
နမ်းလည်းနမ်းကြသေးတယ်။

နှုတ်ခမ်းချင်း ခပ်ဖွဖွလေး ထိကပ်ထားရတဲ့
နွေးထွေးလှိုက်မောမှုက နိုးလာတာတောင်
ရင်တုန်နေစေတယ်။ အိမ်မက်ဆိုပေမယ့်လည်း
သူ့အတွက်ကတော့ တစုံတယောက်ဆီက
ကြင်နာစွာ ဂရုစိုက်ခံရခြင်းဆိုတာမျိုးတွေမရှိခဲ့ဖူး
သည်မို့ အိမ်မက်ထဲကထိုလူ ဘယ်သူဘယ်ဝါမှန်း
မသိရပါပဲနဲ့ကို ခဏတာ ပျော်ရွှင်နေမိတယ်။

စိတ်ရင်းနဲ့ဆက်ဆံပေးမယ့်သူမရှိမှန်း သိသာ
တယ်.. ဘာမဟုတ်တဲ့ အိမ်မက်ထဲ ပုံရိပ်ယောင်
တခုကြောင့် သူ့မှာ ကြည်နူးစိတ်နဲ့ မျက်ရည်စို့ရ
တာမျိုး။

ရှားရှားပါးပါး ရင်ခုန်စရာ အိမ်မက်ကလေးကိုပဲ
မျက်စိမှိတ်ကာ ပြန်ခံစားနေမိတော့တာပေါ့။

တစုံတခုကို တွယ်တာစွဲလမ်းဖို့ သူ ဘယ်တုန်း
ကမှ အကျင့်မလုပ်ခဲ့ဘူး။ ဆုံးရှုံးရမှာကို ကြောက်
စိတ်၀င်နေရင်း ပိုင်ဆိုင်ဖို့ကိုလည်း မကြိုးစားမိ
ဘူးလို့ ပြောရမလား.. ကိုယ့်အပိုင်မှမဟုတ်ရင်
ဘယ်အရာနဲ့မှ မပတ်သတ်ချင်တဲ့ ကင်းရာကင်း
ကြောင်းနေလိုတဲ့ စိတ်အရင်းခံကြောင်းလို့ ပြော
ရမလားပဲ။

ရယူလိုခြင်းဆိုတဲ့ ပူလောင်မှုအတ္တတွေက သူနဲ့
ဘာမဆိုင်သလို နေတတ်ခဲ့သည်ပင်။

ဒါပေမယ့်.. အိမ်မက်ထဲမှာတော့
တယောက်ယောက်နဲ့ ချစ်ကျွမ်း၀င်သွားတယ်။
ထင်ယောင်ထင်မှား အာရုံကိုပဲ စိတ်ကူးယဉ်
ရင်ခုန်ဖို့ တောင့်တမိတယ်။ အဲ့ဒါကြောင့် သူ
အိပ်ဆေး များများသောက်ဖို့ လိုချင်လိုလာလိမ့်
မယ်။

ပုံမှန်အတိုင်း အလုပ်သွားအလုပ်ပြန်၊
ဟန်ဆောင်ပန်ဆောင် အပြုံးတုတွေကို မှန်လို
တုန့်ပြန်နေထိုင်လာရင်း ညတွေကို မက်မော
တတ်လာတယ်။ အိပ်ခါနီး ဇာတ်ကားတကား
ဖြစ်ဖြစ်.. စာအုပ်တအုပ်ဖြစ်ဖြစ် ဖတ်လိုက်မယ်။
ထိုဇာတ်ကားဇာတ်၀င်ခန်းထဲကလို.. စာအုပ်ထဲ
ကဇာတ်အိမ်တခုလို.. အိမ်မက်တခုဖန်တီးမယ်။
တခါတလေ သူက မင်းသမီးနေရာ..
တခါတလေတော့ မင်းသားနေရာပေါ့။

Ji+RiWhere stories live. Discover now