7 (U)

115 12 0
                                    

ကောင်လေးတယောက်သာ ဖြစ်ခဲ့လို့..

မထင်မှတ်ထားပဲ ငါ မင်းကို ချစ်ခဲ့မိတယ်။
နောက်တော့ ငါတို့နှစ်ယောက် အပြန်အလှန်
ချစ်ခဲ့ကြတယ်။

G Dragon က Seungri ကို ချစ်သလိုမျိုး..
Kwon Jiyong ကလည်း Lee Seung Hyun ကို
ချစ်ခဲ့တာ။ အဲ့ထပ်တောင် ပိုဦးမယ်ထင်ပါရဲ့။

ပုံမှန်အချစ်နဲ့မတူတဲ့ ယောကျာ်းလေးနှစ်ယောက်
ကြားက ချစ်ခြင်းမေတ္တာမှာ ရင်ခုန်လှိုက်မောစွာ
အတူတူ နစ်မြှုပ်ခဲ့ကြတယ်။
ဒါဟာ မဖြစ်သင့်မှန်း.. မဖြစ်နိုင်မှန်း..
ဘယ်တော့မှ ကောင်းသောအဆုံးသတ် ဖြစ်
လာမှာ မဟုတ်မှန်းသိပါရဲ့နဲ့ မျှော်လင့်ချက်တွေ
ထားခဲ့ကြတယ်။

ငါ ထင်ခဲ့တာက.. လက်ရှိနဲ့ အနာဂတ်မှာ
ပျော်စရာတွေပဲ ရှိနေလိမ့်မယ်ပေါ့။

တယောက်လက်ကို တယောက်ဆုပ်ကိုင်ရင်း
တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြတ်သန်းခဲ့ရတဲ့
အချစ်နေ့ရက်တွေ။ လူမသိအောင် ခိုးပြီးပေးရ
တဲ့ စိတ်လှုပ်ရှားစရာ အနမ်းရှရှတွေ။ မရဲတရဲနဲ့
အရင်းနှီးဆုံးထိ တိုး၀င်ထိခတ်ခဲ့ကြတဲ့ ပူလောင်
တမ်းတမှုတွေ။

ငါ ထင်ခဲ့တာက.. ဒါတွေအကုန်လုံး အချစ်စစ်
ဖြစ်တယ်..နောက်ဆုံးသောအချိန်အထိ မင်းနဲ့ငါ
အတူတကွ တည်ရှိလိမ့်မယ်လို့ပေါ့။

ရူးရူးမိုက်မိုက် ချစ်မိတဲ့ အကျိုးဆက်ကတော့
ခေါင်းစဉ်တခုအောက် အသွတ်သွင်းခံလိုက်ရပြီး
အစကနေ အဆုံးအထိ ပျော်တော်ဆက်ပြဇာတ်
တပုဒ်လိုမျိုး စျေးဖြတ်ခံလိုက်ရတော့တာပါပဲ။
အကုန်လုံးရဲ့ ကန့်ကွက်မှုတွေကြောင့် မင်း
နာကျင်တဲ့အခါ ငါလည်း ထပ်တူနာကျင်ရတယ်။
ထပ်ပြီး မဆိုးရွှားလာခင် မင်းလက်ကို ငါ လွှတ်
ပေးလိုက်ရတော့တယ်။

ငါ ထင်ခဲ့တာက.. ခဏလောက်ကြာသွားရင်
တော့ အဆင်ပြေသွားမယ်.. မင်းနဲ့ငါ အရင်လို
ပဲပေါ့။

ဒါပေမယ့် ငါ မင်းကို မကာကွယ်နိုင်ဘူး။ မင်း
အတွက် ဘာမှလည်း မလုပ်ပေးနိုင်ဘူး။
ငါ့နာမည်အောက်ကနေ နာနာကျင်ကျင်
ကျောခိုင်းနေရတဲ့ မင်းကို မြင်နေရတာတောင်
ငါ ဖမ်းမဆွဲထားနိုင်ဘူး။ ငါ ဘေးကျပ်နံကျပ် ဖြစ်
နေတုန်းမှာပဲ မင်းကတော့ အလိုက်တသိလေး
သွေးအေးပြသွားတယ်။ မျက်ရည်တစက် မကျပဲ
မင်း အသည်းမာတတ်သွားတယ်။ အသက်မပါ
တဲ့ အပြုံးတွေ ပြုံးတတ်လာတယ်။ အရင်လို
ဘယ်တော့မှ ပြန်မဖြစ်တော့မယ့်အတိုင်း။

Ji+RiDonde viven las historias. Descúbrelo ahora