9 (U)

117 11 0
                                    

Love Hate Relationship

အဲ့ဘိုးတော်ကို ငါ အသေမုန်း..

ဘယ်သူရှိရမှာလဲ.. အဲ့ Kwon Jiyong ဆိုတဲ့
သောက်ဘဲကြီးကိုပေါ့..အမေတို့ ပြောတာတော့
အဲ့ဘဲကြီးက အချမ်းသာဆုံး ကုမ္ပဏီပိုင်ရှင်
စာရင်းထဲမှာ နံပါတ် ၃ ဆိုလား ၄ ဆိုလားပဲတဲ့..

သူ့ဘာသာသူ ဘယ်လောက်ချမ်းသာချမ်းသာ
ဒီကကောင်နဲ့တော့ မဆိုင်ပါဘူး.. ဒါပေမယ့်
သူ ချမ်းသာကြောင်း သုံးနိုင်စွဲနိုင်ကြောင်းကို
လာလာကြွားနေတာကိုက ချဉ်စရာကြီး..

ဖြစ်ပုံက ဒီလိုဗျာ..

လွန်ခဲ့တဲ့ တလလောက်က ပျင်းပျင်းရှိတာနဲ့
အိမ်ကအဖေ လစ်တုန်းလေး ကားခိုးမောင်းမိပါ
တယ်။ အကုသိုလ် ၀င်ချင်တော့ သူများကားကို
၀င်တိုက်မိတော့တာပဲ..

ဟုတ်တယ်ဗျိုး.. အဲ့ဒါ အဲ့ဘိုးတော် Kwon Jiyong
ရဲ့ကား။ အဲ့မှာ ဘိုးတော်က လိုင်စင်မရှိ
ပဲ ကားမောင်းတာရော၊ အရက်သောက်ထား
တာရော ဘာညာဘာညာနဲ့ ရဲတိုင်မယ် တကဲကဲ
လုပ်ပါလေရော.. နောက်ဆုံး ဘယ်လိုမှကို
ကြံရာမရတဲ့အဆုံး အလျော်ပေးပါ့မယ်ဆိုပြီး
အိမ်ကိုခေါ်လာရတော့တာပေါ့။

ဖြစ်ချင်တော့.. ဘိုးတော်က အဖေတို့ကုမ္ပဏီမှာ
ရှယ်ယာအများဆုံးထည့်၀င်ထားသေးတယ်။
အဖေတို့နဲ့တော့ အကျိုးတူပါတနာတွေ ဆိုပါတော့။

ဘိုးတော်က အဖေ့ကိုလည်း မြင်ရော.. Mr.Lee
ရဲ့ သားဆိုတော့လည်း ခွင့်လွှတ်ပေးရမှာပေါ့..
သူစိမ်းတွေမှ မဟုတ်တာတဲ့လေ.. ဟိတ်ကြီး
ဟန်ကြီးနဲ့ အဖေ့ရှေ့ကျ လူကြီးလူကောင်းပုံစံ
လုပ်ပြပြီး ကွယ်ရာကျ.. ချာတိတ်..မင်း နောက်ဆို
ဒီလိုအန္တရာယ်ဖြစ်မယ့်ကိစ္စတွေ မလုပ်ရဘူးတဲ့။
သြ၀ါဒတွေက ပေးသွားသေး။

အဲ့ကတည်းကတွေ့တိုင်း လူကို ပုခုံးတပုတ်ပုတ်၊
ခေါင်းတပုတ်ပုတ်နဲ့ ချာတိတ်ချင်းကို ထပ်နေတာပဲ။

အပြင်မှာ အဖေတို့နဲ့တွေ့လို့ ခေါ်တာ နှုတ်ဆက်
တာက ထားပါတော့.. ဘယ်နှယ့်ဗျာ.. ကျောင်း
ခန်းထဲအထိလိုက်လာပြီး ချာတိတ်..ကျောင်းဆင်း
ရင် အတူတူပြန်မယ် ဘာညာနဲ့။
အတန်းဖော်တွေရှေ့မှာဗျာ။

Ji+RiWhere stories live. Discover now