Achieved

3.7K 378 4
                                    


Donor - @Rio_Wayk
Plot     - bjyx romance

"မားမား ကျန့်ကျန့်က ဘာလို့သူတို့တွေလိုဆော့လို့မရတာလဲဟင်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




"မားမား ကျန့်ကျန့်က ဘာလို့သူတို့တွေလိုဆော့လို့မရတာလဲဟင်"

အသက်ခြောက်နှစ်သာရှိသေးတဲ့ကျန့်ကျန့်ပိစိလေးက လက်ပုတိုလေးတွေမှာဘောလုံးလေးကိုပိုက်ထားရင်း စိတ်မကောင်းဟန်မေးခွန်းထုတ်ရှာတယ် ။

မားမားကပြောတယ် ။
ကျန့်ကျန့်က သူများတွေနဲ့မတူဘူးတဲ့ ။

ဒါပေမယ့် ကျန့်ကျန့်က ဒီလိုညနေခင်းအချိန်တွေဆိုသူငယ်ချင်းတွေနဲ့ဘောလုံးလေးတူတူဆော့ချင်တာပေါ့လို့ ။

"မားမားရဲ့ကျန့်ကျန့်လေးက ဘောလုံးမဆော့ရလဲ ဘာဖြစ်လဲ ။ မားက ကျန့်ကျန့်လေး ပန်းချီဆွဲဖို့အရောင်တွေအများကြီးဝယ်လာပေးတယ်လေ"

"တကယ်လား မားမား ! "

"တကယ်ပေါ့"

"ရေး ! ဒါဆို ကျန့်ကျန့် ဒီနေ့တော့ပန်းချီပဲဆွဲလိုက်တော့မယ် ။ နောက်နေ့တော့ ကျန့်ကျန့်ကို ဘောလုံးလေးအတည်ပေးဆော့ရမယ်နော်"

"အင်းပါ ကျန့်ကျန့်လေးရယ်"

"ကတိနော်မား"

ဒါပေမယ့် နောက်နေ့ကျ မားမားက ကျန့်ကျန့်ကို ကတိမတည်ခဲ့ဘူး ။

ကျန့်ကျန့်လေးအရမ်းစိတ်ဆိုးခဲ့တယ် ။
မားမားက ကျန့်ကျန့်ကို ဘာလို့ သူများနဲ့မတူအောင်ထားရတာလဲဆိုပြီး ။

ဒါပေမယ့် အသက်တွေကြီးလာမှ ကျန့်ကျန့် မားမားစိတ်ပူရတဲ့အကြောင်းရင်းကိုနားလည်လာရတော့တာမို့ မားမားကိုအပြစ်မဆိုရက်တော့ပါလေ ။

______________________________

"သားလေး နေကောင်းရဲ့လား"

One shot compilation (donation project)Where stories live. Discover now