Soulmate

1.9K 302 13
                                    


Unicode


Donor - user46887187
Plot     - bjyx romance

Donor - user46887187Plot     - bjyx romance

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.


^ဟေး ! ဒီနေ့ဘာလို့နောက်ကျတာလဲ ? ^

Game ထဲဝင်ဝင်ချင်းတွေ့လိုက်ရတဲ့စာလေးကြောင့် ရှောင်းကျန့်ယုန်သွားလေးတွေပေါ်လာတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တယ် ။

^ကျွန်တော့်သူငယ်ချင်းတွေနဲ့လည်နေတာ နောက်ကျသွားလို့ သွေ့ပုချီ^

ရှောင်းကျန့်နှုတ်ခမ်းလေးကိုက်ရင်း တစ်ဖက်လူရဲ့ reply ကိုစောင့်နေလိုက်တယ် ။

^voice ဖွင့်ပါလား ရှောင်းကျန့်^

ထင်တဲ့အတိုင်းပြန်လာတဲ့စာကိုကြည့်ရင်း ရှောင်းကျန့် ဟိခနဲရယ်လိုက်တယ် ။

ပြီးတာနဲ့ လည်ချောင်းတစ်ချက်ရှင်းပြီးမှ voice ခလုတ်ကို on လိုက်တယ် ။

"ဟေး"

"ဝမ်ရိပေါ်"

"အင်း ကိုယ်မင်းကို စောင့်နေတာ ရှောင်းကျန့်"

ဆွဲဆောင်မှုရှိလွန်းလှတဲ့ ခပ်ဩဩအသံနဲ့ပြောလာတဲ့စကားကြောင့် ရှောင်းကျန့် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ် ။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်တို့တွေ့ဆုံခဲ့မှုက သာမန်ပါပဲ ။

ဂိမ်းတစ်ခုမှာတွေ့ကြရင်း စကားပြောဖြစ်ကြတယ် ။  အပြင်မှာမတွေ့ဖူးကြပေမယ့် ညတိုင်းအချိန်းအချက်လုပ်ရင်း ဂိမ်းတူတူဆော့ဖြစ်ကြတယ် ။

ဒါပေမယ့် မထင်မှတ်ပဲ ဝမ်ရိပေါ်က သူ့ကိုယ်သူ gay ဆိုပြီး come out လုပ်လာခဲ့တယ် ။ ပြီးတော့ ရှောင်းကျန့်အသံလေးကိုလဲ ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း သူဘယ်လောက်စွဲလမ်းမိကြောင်းတွေပါ ထည့်ထည့်ပြောလာခဲ့တာ ။

One shot compilation (donation project)Où les histoires vivent. Découvrez maintenant