Mochi

2.4K 325 14
                                    


Donor - @KhatMar
Plot - bjyx romance(mpreg)

Donor - @KhatMarPlot     - bjyx romance(mpreg)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ဘုရား !

မှန်ထဲမှာမြင်နေရတဲ့မိမိကိုယ်ကိုကြည့်ရင်း ရှောင်းကျန့်အံ့ဩယူရတယ် ။

လည်ပင်းတစ်လျှောက်နဲ့ ရင်ဘတ်အပေါ်ပိုင်းတွေမှာ နေရာလပ်မကျန် ခရမ်းပုပ်ရောင်ပြောင်းနေပြီဖြစ်တဲ့အကွက်တွေပွထနေတာ ။

"ကြိုက်ရဲ့လား ကိုယ့်အမှတ်အသားတွေ"

အခန်းထဲပြန်ဝင်လာတဲ့ရိပေါ်က သူ့တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ရင်း ခပ်နောက်နောက်ဆိုလာခဲ့တယ် ။

"လောင်ဝမ် မင်း လူမှဟုတ်ရဲ့လား"

"ဘာလို့လဲ ကျန့်ကော"

"ကော ယူမိတာ zombie ကြီးလားလို့ပါ ။ ကြည့်ပါဦး ။ ကိုက်ရာတွေက မြင်လို့တောင်မကောင်းဘူး"

အပြစ်တင်သလိုဆိုမိတော့ ရိပေါ်က ဂုဏ်ယူပြုံးကြီးနဲ့သဘောတကျရယ်နေတော့တာ ။ ရှောင်းကျန့်ရဲ့ လည်ပင်းသားဝင်းဝင်းလေးကိုလဲ နှာခေါင်းနဲ့တရှုံ့ရှုံ့ထပ်နမ်းနေသေးတယ် ။

"ကိုယ် မနက်စာပြင်ပေးထားတယ် ။ မြန်မြန်မျက်နှာသစ်တော့လေ"

"အင်းးး မင်းသစ်ပေး"

ချွဲပြီးပြောတဲ့သူ့စကားအဆုံး ရိပေါ်က သူ့ကိုဆွေ့ခနဲပွေ့မလိုက်ရင်း ရေချိုးခန်းထဲခေါ်သွားပေးတယ် ။ မိမိမျက်နှာကို မထိရက်မကိုင်ရက်သလို တယုတယလေးပြုမူနေတဲ့ရိပေါ်ကိုတွေ့ရတော့ ရှောင်းကျန့်ရင်ထဲကြည်နူးရိပ်လေးတစ်သိမ့်သိမ့်။

"........"

ကြင်စဦးအတွဲလေးမို့ သူတို့နှစ်ယောက်လုံး ဒီရက်ပိုင်း ဘာလုပ်လုပ်တစ်ပူးပူးတတွဲတွဲလေးဖြစ်နေတော့တာပါပဲ ။

One shot compilation (donation project)Where stories live. Discover now