Love Lesson

1.9K 260 10
                                    

Unicode


Donor - MeMeThein
Plot     - bjyx school romance

(Can't upload the cover photo because of my connection >~< . I'll try again when it's okay)

"ရှောင်းကျန့် ဒီနေ့အိမ်စာ ဘာလို့မထပ်တာလဲ"

"ကျွန်တော် စာအုပ်ကျန်ခဲ့လို့ပါ"

"........."

"တကယ် တကယ်ကြီးကို ကျန်ခဲ့တာပါ ပရော်ဖက်ဆာဝမ်"

ရှောင်းကျန့် သွားလေးစိပြီးပြောတော့ ပရော်ဖက်ဆာဝမ်က နှုတ်ခမ်းတစ်ချက်တွန့်ရုံပြုံးလာတယ် ။

ပရော်ဖက်ဆာဝမ်ဆိုတာ သူတို့ကျောင်းမှာ စည်းစနစ်အကျဆုံး ၊ ကျောင်းသားတွေအကြောက်ရဆုံးသင်္ချာဆရာဖြစ်တယ် ။

"ဒါဆို ဒီနေ့ အိမ်စာမထပ်တာ ရှောင်းကျန့်တစ်ယောက်တည်းနော် ? "

လူစေ့နာမည်ခေါ်ပြီးသွားတဲ့ပရော်ဖက်ဆာဝမ်က ခပ်ပြတ်ပြတ်လေသံနဲ့ပြောလာတာမို့ ရှောင်းကျန့် ရင်ထဲထိတ်ခနဲ ။ သူထင်နေတဲ့အတိုင်း အပြစ်ဒဏ်....

"ကျောင်းဆင်းရင် ကိုယ့်ရုံးခန်းထဲလာခဲ့ပါ ကျောင်းသားရှောင်းကျန့်"

____________________________


ထိုနေ့က သာမာန်ဆန်တဲ့ကျောင်းဖွင့်ရက်တစ်ရက် ။

ထုံးစံအတိုင်းအိပ်ရာထနောက်ကျတဲ့ရှောင်းကျန့်တစ်ယောက် စက်ဘီးနီနီလေး ယိမ်းထိုးနေတဲ့အထိ လမ်းမထက်မှာမိုင်ကုန်နင်းနေခဲ့တယ် ။

"အားးး "

ကျောင်းဝင်းအဝနားရောက်ခါမှ ရုတ်တရက်ကွေ့ချလာတဲ့ကားတစ်စီးကြောင့် လွတ်ရာကျွတ်ရာကိုအမြန်ရှောင်တိမ်းလိုက်ရင်း ရှောင်းကျန့်စက်ဘီးလေးက မြေပြင်ပေါ်ဘိုင်းခနဲ ။

"ဟေး အဆင်ပြေရဲ့လား"

တစ်ဖက်လူက ကားပေါ်ကအမြန်ဆင်းလာပြီးရှောင်းကျန့်ဘေးနား ကသောကပါးရောက်လာတယ် ။
လှုပ်ကြည့်လို့တောင်မရတဲ့ဒူးခေါင်းကြောင့် ရှောင်းကျန့်ကတော့မျက်ရည်တွေကျလာတော့တာပဲ ။

"မငိုပါနဲ့ ကိုယ်ဆေးခန်းလိုက်ပို့ပေးမယ်လေ"

".........."

One shot compilation (donation project)Where stories live. Discover now