Let me live!

1.9K 247 2
                                    

Plot- bjyx romanceTags- merman,sweet romance Author- okipuy

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Plot- bjyx romance
Tags- merman,sweet romance
Author- okipuy

ဒီ one shot လေးက page တစ်ခုကိုကိုယ်လှူဖူးတဲ့ one shot လေး ။ ပြန်တင်လို့ရတယ်ဆိုတာနဲ့အားလုံးဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ် ။






                          Let me live !


'ပြေးထား ရှောင်းကျန့် ... မင်းအသက်ရှင်ဖို့အဝေးဆုံးကိုပြေးထား '

ရေအောက်ပင်လယ်နန်းတော်ကြီးကနေ မိုင်ပေါင်းများစွာဝေးတဲ့အထိရောက်နေပေမယ့် သူမနားတမ်း ကူးခတ်နေမိတုန်းပဲ ။

သူ့အမြီးလေးတွေထုံကျင်ကိုက်ခဲလာတဲ့အထိ ၊ တစ်လက်မလောက်တောင်အရှေ့မဆက်နိုင်တော့တဲ့အထိ မောပန်းလာပေမယ့် သူဇွဲမလျှော့မိဘူး ။

အနည်းဆုံးတော့ သူတစ်ယောက်တော့ လွတ်မြောက်သွားမှဖြစ်မယ် ။

'အားကျန့်လေး ပြေးတော့ ~ မားတို့ကိုထားခဲ့ပြီး အဝေးဆုံးမှာဘဝသစ်ပြန်စတော့'

'ပါးတို့က အားကျန့်လေးကိုအများကြီးချစ်တာသိတယ်မလား ~ ပါးတို့မရှိတော့လဲ ကိုယ့်ဘာသာရပ်တည်နိုင်အောင်ကြိုးစားရမယ်နော်'

ဦးရီးတော်လက်ထဲအဖမ်းမခံရခင်အချိန်ထိ ပြောသွားတဲ့ ပါးတို့စကားကိုပြန်ကြားယောင်မိတော့ ပင်ပန်းနေတဲ့အမြီးကို ပိုအားထည့်ရင်းကူးခတ်မိတယ် ။

နေ့ချင်းညချင်း ပျော်ရွှင်နေခဲ့တဲ့သူ့ဘဝလေးက အာဏာမက်တဲ့ဦးရီးတော်ကြောင့် အခုမိဘမဲ့ဖြစ်သွားခဲ့ပြီ ။ ဒါ့အပြင် ရှောင်းကျန့်ကိုဖမ်းမိသူတိုင်း ပုလဲနက်တွေဆုချီးမြှင့်မယ်ကြေညာထားတာကြောင့် ရေအောက်သတ္တဝါတွေအကုန်လုံးကလဲ သူ့ကိုပိုက်စိပ်တိုက်လိုက်ရှာနေကြပြီ ။

One shot compilation (donation project)Where stories live. Discover now