I hate the youngest children !

2K 328 38
                                    


Unicode

Donor - MPYM13
Plot - bjyx romance

Donor - MPYM13 Plot     - bjyx romance

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ကျစ်"

စိတ်ရှုပ်ရှုပ်နဲ့ လည်ပင်းက necktie ကို ဝမ်ရိပေါ်ဖြေလျှော့လိုက်တယ် ။

အလုပ်လာလျှောက်တဲ့သူတွေထဲမှာ သူ့အတွင်းရေးမှူးဖြစ်ဖို့အရည်အချင်း တစ်ယောက်တစ်လေမှာတောင်မတွေ့ရဘူး ။

သူ့စိတ်ရှိတိုင်းသာဆို အတွင်းရေးမှူးတောင် ထားနေဦးမှာမဟုတ်ပေမယ့် ဟိုက်ခွမ်းကောရဲ့အကြံပေးချက်အရ ဒီတစ်လလောက်ကိုတော့ အတွင်းရေးမှူးတစ်ယောက်လောက်ရှာထားသင့်တယ်ဆိုလို့သာ ဒီလောက်ထိစိတ်ညစ်ခံနေရတာ ။

ညီအစ်ကိုနှစ်ယောက်မှာ သားကြီးဖြစ်တဲ့ ဟိုက်ခွမ်းကောက ကုမ္ပဏီကိစ္စတွေကိုစိတ်မဝင်စားပါဘူးဆိုလို့ နိုင်ငံခြားကပြန်ရောက်လာတဲ့ဝမ်ရိပေါ်အပေါ် အလုပ်တွေအကုန်စုပြုံရောက်လာခြင်းသာဖြစ်တယ် ။

"အယ်.. "

CV form မှာ ပြူးတူးတူးလေးပေါ်လာတဲ့လူတစ်ယောက်ကြောင့် ဝမ်ရိပေါ်ရဲ့လက်အစုံက ရပ်တန့်သွားတယ် ။

Passport ဓာတ်ပုံနဲ့ဆို ရုပ်ဆိုးဆိုးတွေသာထွက်လာတတ်ကြပေမယ့် ဒီတစ်ယောက်ကတော့ ဘယ်လိုတောင် passport ရိုက်တာကို ချစ်ဖို့ကောင်းနေရတာလဲ ။

ဝမ်ရိပေါ် ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပါပဲ ပြုံးမိသွားတယ် ။

ရှောင်းကျန့် ။

မင်းကို ကိုယ့်အတွင်းရေးမှူးအဖြစ် ရွေးလိုက်ပြီ ။

________________________

"Ceo ! ကျွန်တော်ရောက်ပါပြီ"

သာမန်တီရှပ်အဖြူလေးတစ်ထည်နဲ့တင် သူ့ဆီရောက်လာတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်မျက်ခုံးပင့်မိသွားတယ် ။

One shot compilation (donation project)Where stories live. Discover now