In another life..

1.8K 172 29
                                    

Unicode

Donor - whos_yongji
Plot     - bjyx heavy drama (requested by donor)

Donor - whos_yongjiPlot     - bjyx heavy drama (requested by donor)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



"အာ့~"

ခါးအောက်ပိုင်းကနေ အသွေးအသားထဲထိ ပျံ့နှံ့လာတဲ့သာယာမှု ။

အိပ်ရာပေါ်ကိုဖိဖိချရင်း မိမိအပေါ်မှာညည်းတွားနေတဲ့ထိုလူသားမျက်နှာက ကျေနပ်မှုအတိ ။

"အာ့~ ကောကို နမ်း ~ နမ်းဦး"

ဒီလိုအချိန်မျိုးမှာဆိုရင်တော့ သူ့စကားကိုနာခံတတ်တဲ့ထိုကောင်လေးက နက်နက်ရှိုင်းရှိုင်းငုံ့နမ်းလာခဲ့တယ် ။ အပိုဆုအနေနဲ့ သူ့ရဲ့နှုတ်ခမ်းအောက်ကမှည့်နက်လေးကပါ လျှာနဲ့ ထွေးပွေ့ခြင်းခံလိုက်ရတယ် ။

" ဟင်း .. "

ခါးတွေကျိုးကြေမတတ် အသွေးအသားတွေခမ်းခြောက်မတတ် ထိုကောင်လေးရဲ့ဦးဆောင်မှုအောက်မှာ ရှောင်းကျန့် ရူးရူးမူးမူး ကျေနပ်နေခဲ့တယ် ။

ထိုကောင်လေး ။
ရှောင်းကျန့် သိပ်ချစ်ရတဲ့ကောင်လေးပေါ့ ။

___________________________


တွေ့ဆုံမှုက ကျီစယ်ခြင်းတွေမပါတဲ့ သမားရိုးကျ ဆုံတွေ့ခဲ့မှုမျိုး ။

မနက်ခင်း လမ်းထိပ်နွားနို့သည်ဦးလေးကြီးဆီကပြန်လာတဲ့ရှောင်းကျန့်တစ်ယောက် သူ့အိမ်ဘေးက အိမ်အလွတ်မှာ မီးလင်းနေတာတွေ့ခဲ့ရတယ် ။

ဘယ်သူနဲ့မှအဆက်အဆံမလုပ်ချင်တဲ့ရှောင်းကျန့်အဖို့ အသစ်ရောက်လာတဲ့ထိုအိမ်နီးချင်းကို မသိကျိုးကျွန်သာပြုခဲ့မိတယ် ။

ဒါပေမယ့် ဘယ်သူထင်ခဲ့မှာလဲ ။

"Hi ~ ဝမ်ရိပေါ်ပါ ။ ဘေးအိမ်ကို ဒီမနက်ပဲပြောင်းလာတာ ။ ကောနဲ့ရင်းနီးချင်လို့"

One shot compilation (donation project)Where stories live. Discover now