Dear Rainforest

2K 298 3
                                    



Donor - @MPYM13
Plot - bjyx fantasy

AN /  Idea inspired by one of the cartoons (Tinker-bell : The secret wings)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

AN / Idea inspired by one of the cartoons (Tinker-bell : The secret wings). If you have watched that , it'll be a lot easier to understand this plot !





ဆောင်းဦးရာသီပွဲ ။

နှစ်စဉ်နှစ်တိုင်း နှစ်နိုင်ငံစပ်ကြားဒေသမှာပြုလုပ်လေ့ရှိတဲ့ ဆောင်းဦးရာသီပွဲက ရှောင်းကျန့်တို့ fairy မျိုးနွယ်စုတွေအတွက် တစ်နှစ်စာတိုးတက်မှုကိုယှဉ်ပြိုင်ကြတဲ့ပြိုင်ပွဲဆိုလဲမမှားဘူး ။

ရှောင်းကျန့်တို့လို နတ်သူငယ်လေးတွေဟာ တစ်နှစ်ပတ်လုံးအလုပ်လုပ်ကြရတာဖြစ်လို့ ဒီလိုအချိန်မျိုးဆို သိပ်ကိုပျော်ရွှင်ရပါသောပဲ ။

"ရှောင်းကျန့် ဟိုဘက် အအေးပိုင်းကလူတွေ စပြီးဖျော်ဖြေမှာတဲ့ ။ တစ်ချက်သွားကြည့်ရအောင်"

လုပ်ဖော်ကိုင်ဖက် ရေနတ်သူငယ် သူငယ်ချင်းရဲ့အပြောကြောင့် ရှောင်းကျန့် မျက်လုံးအရောင်လေးတောက်သွားတယ် ။

သူ တကယ်ပဲ အဲဒီ့ အအေးပိုင်းဒေသက နတ်သူငယ်တွေရဲ့ပုံစံကိုအရမ်းသဘောကျတယ် ။

သူ့ရဲ့ရည်မှန်းချက်က တစ်နေ့ ထိုဘက်ဒေသပိုင်းကို သွားလည်နိုင်ဖို့ဖြစ်တယ် ။

ဒါပေမယ့် ခက်တာက သူတို့ဆီမှာ အကြီးမားဆုံးသော စည်းကမ်းကြီးတစ်ခုပဲရှိတယ် ။ ထိုစည်းကမ်းကလဲ တစ်ဖက်ဒေသကို လုံးဝ(လုံးဝ) မကူးသန်းဖို့ဖြစ်တယ် ။

"ဝါး ~ လှလိုက်တာ"

သူတို့လိုသမပိုင်းဒေသနဲ့ အအေးပိုင်းဒေသနတ်သူငယ်တွေရဲ့ အသိသာဆုံးကွာခြားချက်က ဆံပင်အရောင်တွေပဲ ။

ရှောင်းကျန့်တို့ဘက်ကလူတွေတော်တော်များများက ရွှေအိုရောင်သန်းတဲ့ဆံပင်ရောင်ပိုင်ဆိုင်ထားကြပေမယ့် အအေးပိုင်းဒေသကလူတွေမှာတော့ ငွေဖြူရောင်ဆံပင်တွေသာ တွေ့ရတတ်တယ် ။

One shot compilation (donation project)Where stories live. Discover now