Missing you

1.6K 54 3
                                    

Missing you ... (Part 1)

" Gulf နိုးနေရင်လည်း ထတော့
တော်ကြာ ငါက ဆိုင်သွားရအုန်းမှာ "

အစ်မဖြစ်သူ ခွန်မိုင် လာနှိုးလိုက်တာကြောင့်
နေ့တစ်နေ့ရဲ့ အစပြုချိန်မှာတော့
မကျေနပ်မှု့တွေနဲ့ Gulf နိုးထလာခဲ့တော့တယ်

‌" ဘေးအိမ်တွေကလည်း မနက်စောစောစီးစီး
ဆူညံနေတာပဲ အဲဒါကြောင့် ဒီရပ်ကွက်မှာ
မနေချင်တာ " ..

Gulf ကို ခွန်မိုင် ခေါင်းသာ
ခါရမ်းကြည့်လိုက်မိတယ် ..

သူတို့နေတဲ့ ဆင်းခြေဖုံးရပ်ကွက်ဆိုတာ သာမန်လူတန်းစား လက်လုပ်လက်စားတွေပဲ အများဆုံးနေထိုင်ကြတာ ..
အဲဒီတော့ ညကို မိုးချုပ်တယ် မနက်ကို
စောတယ်ဆိုတဲ့ အချိန်ကာ သတ်မှတ်ချက်
မရှိ ..
ညမိုးချုပ် ပြန်ရောက်တဲ့အချိန် အရက်မူးပြီး
အော်ဟစ်ချင် အော်ဟစ်မယ် ..
မနက်ကိုလည်း လင်မယား မောင်နှမ ညီအစ်ကိုရန် ထ ပစ်ချင်လည်း ရန်ဖြစ်မယ် ..
သူတို့မှာ အချိန်ကာလ သတ်မှတ်ချက်
ဆိုတာမရှိ
ပတ်ဝန်းကျင်ဆိုတာကို ဂရုစိုက်အားနာရမယ်
ဆိုတာ မသိ ..

ကိုယ်အိမ် ကိုယ်လုပ်ချင်တာ လုပ်မယ်
ဘာဖြစ်လည်း ဆိုတဲ့ အတွေးနဲ့
လူတန်းစားတွေ များလှတယ် .

ခွန်မိုင် , Gulf နဲ့ Tar ဆိုတာ ဒီရပ်ကွက်ထဲ
မိဘတွေထားခဲ့တဲ့ အိမ်လေးမှာ နေထိုင်ပြီး
ရုန်းကန်နေရတဲ့ သာမန်မိသားစုလေး ..

မိဘတွေမရှိကြတော့ပဲ ခွန်မိုင်ကပဲ အမကြီးပီပီGulfနဲ့ Tar တို့ကို စောင့်ရှောက်
ပေးနေသူ ..
အတန်းပညာကတော့ အထက်တန်းနဲ့ပဲ
အဆုံးသတ်ခဲ့ရသူ ..
ဒီရပ်ကွက်ရဲ့ ဈေးလေးထဲမှာ အဝတ်အထည်
ဆိုင်လေး ဖွင့်ပြီး မောင်နှစ်ယောက်နဲ့
ဝမ်းရေကိုရုန်းကန်နေတဲ့
အစ်မကြီးတစ်ယောက် ..

Gulf ကတော့ တက္ကသိုလ်ပထမနှစ်
ကျောင်းသားတစ်ယောက် ..
သူနေထိုင်ရတဲ့ ဘဝကို အလိုမကျသလို
စိတ်ပျက်လက်ပျက်နဲ့ အမြဲတမ်း ညည်းညူ
နေတတ်တဲ့ ကောင်လေးတစ်ယောက် . .

ကျောင်းအားချိန်မှာတော့ စားသောက်‌ဆိုင်
တခုမှာ စားပွဲထိုး ဝင်လုပ်ပြီး သူ တက်ချင်တဲ့
ကွန်ပြုတာ သင်တန်းကို တက်နေသူ
တယောက်

missing youWhere stories live. Discover now