Missing you (Part 10)

814 45 2
                                    

Missing you ...( Part 10 )

" Hello  Gulf "

အသံသွင်းပြီး ကိုယ့်စားပွဲရောက်ချိန်
ဖုန်းလာတာနဲ့ Gulf ဖုန်း ကိုင်လိုက်တယ် ..

" အင်း MEW ပြော "

" ဒီပိတ်ရက် မင်းအားလား"

" အားတယ် ဘာဖြစ်လို့လည်း "

" ကိုယ်နဲ့ သွားစရာ ရှိတယ် ခဏလိုက်ခဲ့ပေး "

" အိုကေ  ငါ စောင့်နေမယ် "

ဟိုတလောက MEWကို  တယောက်ထဲ တိုးတိုးနဲ့ဘာတွေ ကျိတ်ကြံနေမှန်းမသိဘူး ဆိုပြီး Gulf စိတ်ဆိုးသလို ဖြစ်ခဲ့ပေမယ့် ...

MEW သူ့အပေါ် မဟုတ်တာ လုပ်မယ့်သူ
မဟုတ်ဘူးဆိုတာ Gulf ယုံကြည်မိတယ် .. .

အဲလို ယုံကြည့်တဲ့ စိတ်နဲ့အတူ
MEW အပေါ်လည်း
Gulf စိတ်ပြေသွားခဲ့ရတယ် ..

ပိတ်ရက်ကို ဘယ်သွားမလို့ပါလိမ့် ..

ဒီနောက်ပိုင်း  Gulf ပိတ်ရက်အားရက်တိုင်း
MEW သူတို့အိမ်မှာလိုလိုပဲ အချိန်ကုန်
နေခဲ့တယ် ..

တစ်ခါတလေ မနက်စား မစားရသေးပဲ ရောက်လာ‌တတ်ခဲ့တယ် ..

တစ်နေကုန် အိမ်မှာနေ အစ်မခွန်မိုင်နဲ့ စကားပြောသူ့အနားကပ်ပြီး ဟိုလုပ်ဒီလုပ်နဲ့ မိုးချုပ်မှပဲ MEW ပြန်တော့တယ် ..

လာနေကျမလာရင်တောင် MEW ကို
Gulf မျှော်နေတတ်ခဲ့ပြီ ..

" အလို တစ်ယောက်ထဲ ရယ်နေပါလား !! "

တစ်ယောက်ထဲ ပြုံးလိုက် တွေးလိုက်
လုပ်နေတဲ့Gulf ကို No လှမ်းပြီး  စလိုက်တယ်

" No  မင်းကို ငါ မေးစရာရှိတယ်  ..
MEW ကို မင်း ဘယ်လိုမြင်လည်း "

" လူတစ်ယောက်လို မြင်တယ် "

ရွတ် နောက် နောက် လုပ်နေတဲ့ No ကို
Gulfခြေထောက်နဲ့ လှမ်းကန်လိုက်တယ် ..

" ဟား ဟား ဟား မင်းကလဲ "

" MEW က အရင်ကတော့ ဘယ်လိုလည်း
ငါမသိဘူး အခုတော့ မင်းအပေါ် အရမ်း
ချစ်တတ်တဲ့ လူတယောက်လို့ ငါမြင်တယ် ..

တော်တော်လေးလည်း
မင်းကို ဂရုစိုက်ပေးတယ်

မင်း ကံကောင်းပါတယ် Gulf ..

missing youWhere stories live. Discover now